တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း စိတ်ကြွဆေးပြား (၂)သိန်းနီးပါး ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း စိတ်ကြွဆေးပြား (၂)သိန်းနီးပါး ဖမ်းဆီးရမိ
ဇူလိုင် 21, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း စိတ်ကြွဆေးပြား (၂)သိန်းနီးပါး ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာတွင် ရွာလယ်လမ်းအတွင်း မောင်းလာသည့် မော်တော်ကားတစ်စီးပေါ်က စိတ်ကြွဆေးပြား (၂)သိန်းနီးပါးနှင့်အတူ ဆက်စပ်သူများ အပါအဝင် အမျိုးသား(၄)ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်း ရွာလယ်လမ်း နှင့် အုန်းခြံလမ်းတောင့်တွင် မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ ညပိုင်းက စောင့်ဆိုင်းနေရာမှ ကြိုတင်သတင်းရရှိထားသည့် ကျာဘ (ခ)ယားပါ မောင်းနှင်ပြီး စိုင်းပွတ်(ခ)အိုက်ခွက်(ခ)လောက်အယ် နှင့် အိုက်ရီ(ခ)အိုက်ရီကူး တို့ လိုက်ပါလာသည့် မော်တော်ကားသည် ရွာလယ်လမ်းအတိုင်း မောင်းဝင်လာရာ ပူးပေါင်းအဖွဲ့က စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းစဉ် ယာဉ်ပေါ်ပါ (၃)ဦးမှ ထွက်ပြေးရန် ကြိုးစားသည့်အတွက် ပူးပေါင်းအဖွဲ့က လုံးထွေးဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

၎င်းတို့ (၃)ဦးအား ဖမ်းဆီး ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက်၍ ယာဉ်အတွင်း ရှာဖွေရာ Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၉၄,၀၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ဆက်လက် စစ်ဆေးရာ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်တွင် နေထိုင်သူ ဆိုင်ပေါင်း၏ နေအိမ်မှ ရောင်းချရန်အတွက် ယူဆောင်လာခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ဆိုင်ပေါင်း၏ နေအိမ်အား ည(၁၀)နာရီဝန်းကျင်က သွားရောက် ရှာဖွေရာ ဆိုင်ပေါင်းအား နေအိမ်တွင် အသင့်တွေ့ရသော်လည်း နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည်များကို ရှာဖွေတွေ့ရှိရခြင်း မရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အဆိုပါ အမျိုးသား(၄)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဆက်လက်ဖော်ထုတ်နိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~