တာခ်ီလိတ္ၿမိဳ႕တြင္ ကားေမာင္းလိုင္စင္ျပဳလုပ္လိုသူမ်ားအား ကညန ႏွင့္ ယာဥ္ထိန္းရဲတို႔က ယာဥ္/လမ္း စည္းကမ္း အသိပညာေပး

တာခ်ီလိတ္ၿမိဳ႕တြင္ ကားေမာင္းလိုင္စင္ျပဳလုပ္လိုသူမ်ားအား ကညန ႏွင့္ ယာဥ္ထိန္းရဲတို႔က ယာဥ္/လမ္း စည္းကမ္း အသိပညာေပး
ဇွန် 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမို႕တြင္ ကားေမာင္းလိုင္စင္ျပဳလုပ္လိုသူမ်ားအတြက္  ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္)တို႔ ပူးေပါင္းၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၈) ရက္ေန႔တြင္ ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးခန္းတြင္ ယာဥ္/လမ္းစည္းကမ္း အသိပညာေပးသင္တန္းျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 

"ကၽြန္ေတာ္တို႔ရံုးမွာ တစ္လကို သင္တန္း (၂) ႀကိမ္ ပံုမွန္ဖြင့္တယ္။ သူကက်ေတာ့ ကားေမာင္းလိုင္စင္ေတြေပါ့။ ဆိုင္ကယ္ေမာင္းကေနကားေမာင္း၊ သင္ေမာင္းကေန ကားေမာင္းေလွ်ာက္တဲ့ဟာေတြေပါ့။ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းပညာေပးသင္တန္းေပါ့။ သူကိုင္ထားတဲ့ယာဥ္ေမာင္းလိုင္စင္ (၃) လျပည့္ၿပီဆိုရင္ လူကိုယ္တိုင္လာရတယ္။ သူ႕ကဒ္အေဟာင္းေတြယူလာရမယ္။ မွတ္ပံုတင္မိတၱဳရယ္၊ ဓာတ္ပံုေတြရယ္ယူလာရမယ္။ ၿပီးရင္ ကားေမာင္းသင္တန္း (၂) ရက္ တက္ရတယ္။ ကားေမာင္းလိုင္စင္လုပ္မယ့္သူေတြအေနနဲ႔ ဒီသင္တန္းတက္ရတာေပါ့"ဟု  တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္း ႏွင့္ တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ စစ္ေဆးေရးမွဴး(၂) ဦးစိုင္းဆမ္တစ္ အပါအ၀င္ တာ၀န္ရွိသူမ်ားက သင္တန္းပို႔ခ်ေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

ကားေမာင္းလိုင္စင္ျပဳလုပ္လိုသူမ်ား အေနျဖင့္ သင္ေမာင္းလိုင္စင္၊ ဆိုင္ကယ္ေမာင္းလိုင္စင္ သက္တမ္းအနည္းဆံုး (၃) လ ရိွရန္လိုအပ္ၿပီး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းသင္တန္းတက္ေရာက္ရမည္ျဖစ္ကာ လိုင္စင္အတြက္ (၅) ႏွစ္စာ က်ပ္ (၅၀,၀၀၀) ႏွင့္ လိုင္စင္ေျဖဆိုခ်ိန္တြင္ (၁) ႀကိမ္စစ္ေဆးခ က်ပ္ (၂,၀၀၀)၊ ေမာ္ေတာ္ယာဥ္ငွားရမ္းခ က်ပ္ (၅,၀၀၀) က်သင့္မည္ျဖစ္ၿပီး ေျဖဆိုသည့္အႀကိမ္တိုင္းတြင္ စစ္ေဆးခႏွင့္ ေမာ္ေတာ္ယာဥ္ငွားရမ္းခေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကားမောင်းလိုင်စင်ပြုလုပ်လိုသူများအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)တို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခန်းတွင် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးသင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ရုံးမှာ တစ်လကို သင်တန်း (၂) ကြိမ် ပုံမှန်ဖွင့်တယ်။ သူကကျတော့ ကားမောင်းလိုင်စင်တွေပေါ့။ ဆိုင်ကယ်မောင်းကနေကားမောင်း၊ သင်မောင်းကနေ ကားမောင်းလျှောက်တဲ့ဟာတွေပေါ့။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းပေါ့။ သူကိုင်ထားတဲ့ယာဉ်မောင်းလိုင်စင် (၃) လပြည့်ပြီဆိုရင် လူကိုယ်တိုင်လာရတယ်။ သူ့ကဒ်အဟောင်းတွေယူလာရမယ်။ မှတ်ပုံတင်မိတ္တုရယ်၊ ဓာတ်ပုံတွေရယ်ယူလာရမယ်။ ပြီးရင် ကားမောင်းသင်တန်း (၂) ရက် တက်ရတယ်။ ကားမောင်းလိုင်စင်လုပ်မယ့်သူတွေအနေနဲ့ ဒီသင်တန်းတက်ရတာပေါ့"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အမှတ်(၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်း နှင့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂) ဦးစိုင်းဆမ်တစ် အပါအဝင် တာဝန်ရှိသူများက သင်တန်းပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကားမောင်းလိုင်စင်ပြုလုပ်လိုသူများ အနဖြေင့် သင်မောင်းလိုင်စင်၊ ဆိုင်ကယ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး (၃) လ ရှိရန်လိုအပ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသင်တန်းတက်ရောက်ရမည်ဖြစ်ကာ လိုင်စင်အတွက် (၅) နှစ်စာ ကျပ် (၅၀,ဝဝဝ) နှင့် လိုင်စင်ဖြေဆိုချိန်တွင် (၁) ကြိမ်စစ်ဆေးခ ကျပ် (၂,ဝဝဝ)၊ မော်တော်ယာဉ်ငှါးရမ်းခ ကျပ် (၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ဖြေဆိုသည့်အကြိမ်တိုင်းတွင် စစ်ဆေးခနှင့် မော်တော်ယာဉ်ငှါးရမ်းခပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net