တာခ်ီလိတ္၌ ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ ရွမ္းရိုးမကြင္းအတြင္း က်င္းပမည့္ ငလ်င္ေဘးအတြင္းကယ္ဆယ္ေရးသရုပ္ျပပြဲသို႔ ျပည္သူမ်ား လာေရာက္ေလ့လာႏုိင္

တာခ်ီလိတ္၌ ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ ရွမ္းရိုးမကြင္းအတြင္း က်င္းပမည့္ ငလ်င္ေဘးအတြင္းကယ္ဆယ္ေရးသရုပ္ျပပြဲသို႔ ျပည္သူမ်ား လာေရာက္ေလ့လာႏုိင္
သြဂုတ် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၈)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ စတင္က်င္းပမည့္ ငလ်င္ေဘးႀကံဳရခ်ိန္ ကယ္ဆယ္ေရးသရုပ္ျပပြဲ၌ ငလ်င္ေဘးအႏၱရာယ္ သတိထား စရာမ်ားႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ပိုမိုက်ယ္ျပန္႔စြာ သိရိွေစမည္ျဖစ္၍ ေဒသခံမ်ား လာေရာက္ ေလ့လာသင့္သည္ဟု မီးသတ္တပ္ဖြဲ႕က တုိက္တြန္းလုိက္သည္။

“ကၽြန္ေတာ္တုိ႔ တာခ်ီလိတ္က တာေလဘက္မွာ ငလ်င္ႀကီးႀကီးမားမားလည္း ျဖစ္ခဲ့ဖူးတယ္။ တာခ်ီလိတ္အေနနဲ႔ ျဖစ္ဖူးတဲ့ေနရာနဲ႔ ဆက္စပ္ေနသလို အထပ္ျမင့္တုိက္ေတြလည္း မ်ားလာေတာ့ ငလ်င္နဲ႔ပတ္သက္တာေတြ ပိုၿပီးေလ့လာသင့္၊ သတိထားသင့္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴးဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ သရုပ္ျပပြဲအတြက္ တာခ်ီလိတ္ခရိုင္အတြင္းရိွ သေႏၶမီးသတ္တပ္ဖြဲ႕၀င္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕သင္မ်ား စုစုေပါင္း (၈၀) ဦးႏွင့္အတူ လူမႈေရးအသင္းအဖြဲ႕မ်ားျဖစ္သည့္ အလင္းေရာင္ လူမႈကူညီေရးအသင္း၊ မဇၨိွ်မလူမႈကူညီေရးအသင္းႏွင့္ ၾကက္ေျခနီအဖြဲ႕မ်ားမွ (၁၁၆) ဦးတို႔က ၾသဂုတ္လ (၂၄)ရက္ေန႔မွစ၍ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ခ်ိတ္ဆက္ေဆာင္ရြက္ျခင္းကို ေလ့က်င့္ေနၾကျခင္းျဖစ္သည္။

“ကၽြန္ေတာ္တုိ႔က သဘာဝေဘးကူညီတဲ့အခါ ေဒသတြင္း လူမႈကူညီေရးအဖြဲ႕ေတြနဲ႔ ဟန္ခ်က္ညီညီခ်ိတ္ဆက္ဖုိ႔ လိုပါတယ္။ ဒါေၾကာင့္ အခု ဇာတ္တုိက္ေလ့က်င့္ရာမွာ သူတုိ႔လည္း အတူပူးေပါင္းပါဝင္ေနၾကလုိ႔ ကူညီမႈေတြ လုပ္ေဆာင္တဲ့အခါ ပိုၿပီးထိေရာက္ေအာင္ လုပ္ေဆာင္ေနၾကပါတယ္။ သရုပ္ျပပြဲမွာ ကၽြန္ေတာ္တုိ႔က ကူညီကယ္ဆယ္ေရးအျပင္ ၾကက္ေျခနီအသင္းက အေရးေပၚကုသျခင္းကိုလည္း သရုပ္ျပသြားမွာပါ”ဟု  ခရိုင္မီးသတ္ ဦးစီးမွဴးဦးေက်ာ္ကိုကိုက ပာသည္။

ခရိုင္မီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားက သရုပ္ျပပြဲအတြင္း လူနာတင္ယာဥ္မ်ား၊ မီးသတ္ယာဥ္မ်ား၊ ရွာေဖြကယ္ဆယ္ေရးယာဥ္မ်ားျဖင့္ ငလ်င္ေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ျပသသြားမည္ျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့ နံနက် (၁၀)နာရီတွင် စတင်ကျင်းပမည့် ငလျင်ဘေးကြုံရချိန် ကယ်ဆယ်ရေးသရုပ်ပြပွဲ၌ ငလျင်ဘေးအန္တရာယ် သတိထား စရာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ သိရှိစေမည်ဖြစ်၍ ဒေသခံများ လာရောက် လေ့လာသင့်သည်ဟု မီးသတ်တပ်ဖွဲ့က တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ တာချီလိတ်က တာလေဘက်မှာ ငလျင်ကြီးကြီးမားမားလည်း ဖြစ်ခဲ့ဖူးတယ်။ တာချီလိတ်အနေနဲ့ ဖြစ်ဖူးတဲ့နေရာနဲ့ ဆက်စပ်နေသလို အထပ်မြင့်တိုက်တွေလည်း များလာတော့ ငလျင်နဲ့ပတ်သက်တာတွေ ပိုပြီးလေ့လာသင့်၊ သတိထားသင့်ပါတယ်”ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ သရုပ်ပြပွဲအတွက် တာချီလိတ်ခရိုင်အတွင်းရှိ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့သင်များ စုစုပေါင်း (၈၀) ဦးနှင့်အတူ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် အလင်းရောင် လူမှုကူညီရေးအသင်း၊ မဇ္ဇျှိမလူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအဖွဲ့များမှ (၁၁၆) ဦးတို့က သြဂုတ်လ (၂၄)ရက်နေ့မှစ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ခြင်းကို လေ့ကျင့်နကြခြေင်းဖြစ်သည်။

“ကျွန်တော်တို့က သဘာဝဘေးကူညီတဲ့အခါ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ လိုပါတယ်။ ဒါကြောင့် အခု ဇာတ်တိုက်လေ့ကျင့်ရာမှာ သူတို့လည်း အတူပူးပေါင်းပါဝင်နကြေလို့ ကူညီမှုတွေ လုပ်ဆောင်တဲ့အခါ ပိုပြီးထိရောက်အောင် လုပ်ဆောင်နကြေပါတယ်။ သရုပ်ပြပွဲမှာ ကျွန်တော်တို့က ကူညီကယ်ဆယ်ရေးအပြင် ကြက်ခြေနီအသင်းက အရေးပေါ်ကုသခြင်းကိုလည်း သရုပ်ပြသွားမှာပါ”ဟု ခရိုင်မီးသတ် ဦးစီးမှူးဦးကျော်ကိုကိုက ပါသည်။

ခရိုင်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက သရုပ်ပြပွဲအတွင်း လူနာတင်ယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များဖြင့် ငလျင်ဘေးအန္တရာယ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပြသသွားမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net