တာခ်ီလိတ္ၿမိဳ႕တြင္းရိွ အေျခခံပညာေက်ာင္းမ်ားတြင္ မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္မႈသရုပ္ျပပြဲမ်ားအျဖစ္ အထက(တာခ်ီလိတ္)တြင္ စတင္

တာခ်ီလိတ္ၿမိဳ႕တြင္းရိွ အေျခခံပညာေက်ာင္းမ်ားတြင္ မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္မႈသရုပ္ျပပြဲမ်ားအျဖစ္ အထက(တာခ်ီလိတ္)တြင္ စတင္
စက်တင်ဘာ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရိွ အေျခခံပညာေက်ာင္းမ်ားတြင္ မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္မႈသရုပ္ျပပြဲမ်ားကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၁၀) ရက္ေန႔မွစတင္ကာ ၿမို႕တြင္းရိွအေျခခံပညာေက်ာင္းမ်ားတြင္ အသိပညာေပးမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အေျခခံပညာေက်ာင္းမ်ားတြင္ အသိပညာေပးမႈအျဖစ္ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ စက္တင္ဘာလ(၁၀)ရက္ေန႔ နံနက္ပိုင္းက စတင္ျခင္း ျဖစ္သည္။

"မီးေဘးလံုၿခံဳေရးအတြက္ ျပည္သူေတြအတြင္း မီးေဘးသတိမူေရးအတြက္ စာသင္ေက်ာင္းအေျချပဳ မီးေဘးလံုၿခံဳေရးေပါ့။ က်ိဳင္းလပ္၊ တာေလမွာက သက္ဆိုင္ရာတာ၀န္ခံေတြက လုပ္ေဆာင္ေနပါတယ္၊ မိုင္းျဖတ္၊ မိုင္းေယာင္းအကုန္လံုးေပါ့။ စီမံခ်က္ပံုစံမ်ိဳးနဲ႔ လုပ္ေဆာင္ေနပါတယ္"ဟု မီးသတ္ဦးစီးဌာနမွ  တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ မီးေဘးလံုၿခံဳေရးႏွင့္ ငလွ်င္အေၾကာင္း သိေကာင္းစရာမ်ားေဟာေျပာမႈမ်ားကို ေက်ာင္း၏ ခန္းမတြင္ ျပဳလုပ္ၿပီး လက္ေတြ႔သရုပ္ျပျခင္းအျဖစ္ ဂတ္စ္အိုးမီးေလာင္ပါက မီးၿငိမ္းသတ္နည္း၊ ဆီမီးေလာင္မႈမ်ားကို မီးၿငိမ္းသတ္နည္းႏွင့္ မီးသတ္ေဆးဘူးမ်ားလက္ေတြကိုင္တြယ္အသံုးျပဳနည္းမ်ားကို ျပသခဲ့ျခင္း ျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေးနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲများကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့မှစတင်ကာ မြို့တွင်းရှိအခြေခံပညာကျောင်းများတွင် အသိပညာပေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် အသိပညာပေးမှုအဖြစ် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက စတင်ခြင်း ဖြစ်သည်။

"မီးဘေးလုံခြုံရေးအတွက် ပြည်သူတွေအတွင်း မီးဘေးသတိမူရေးအတွက် စာသင်ကျောင်းအခြပြေု မီးဘေးလုံခြုံရေးပေါ့။ ကျိုင်းလပ်၊ တာလေမှာက သက်ဆိုင်ရာတာဝန်ခံတွေက လုပ်ဆောင်နေပါတယ်၊ မိုင်းဖြတ်၊ မိုင်းယောင်းအကုန်လုံးပေါ့။ စီမံချက်ပုံစံမျိုးနဲ့ လုပ်ဆောင်နေပါတယ်"ဟု မီးသတ်ဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် ငလျှင်အကြောင်း သိကောင်းစရာများဟောပြောမှုများကို ကျောင်း၏ ခန်းမတွင် ပြုလုပ်ပြီး လက်တွေ့သရုပ်ပြခြင်းအဖြစ် ဂတ်စ်အိုးမီးလောင်ပါက မီးငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုများကို မီးငြိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးများလက်တွေကိုင်တွယ်အသုံးပြုနည်းများကို ပြသခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net