တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း စည်ကမ်းမဲ့ စွန့်ပစ်အမှိုက်များ စွန့်ပစ်ထားသည့် မြောင်းများကို ရှင်းလင်း

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း စည်ကမ်းမဲ့ စွန့်ပစ်အမှိုက်များ စွန့်ပစ်ထားသည့် မြောင်းများကို ရှင်းလင်း
သြဂုတ် 23, 2020
By Tachileik News Agency
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း စည်ကမ်းမဲ့ စွန့်ပစ်အမှိုက်များ စွန့်ပစ်ထားသည့် မြောင်းများကို ရှင်းလင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် အတွင်း (၁)လမ်း နှင့် (၃)လမ်းကြားတွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့နေသည့်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ရှင်းလင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ လမ်းကြားရှိ ရေမြောင်းများတွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် ရေစီးရေလာအခက်အခဲ ဖြစ်နေပြီး မိုးရွာသွန်းသည်နှင့် မြောင်းအတွင်းမှ ရေလျှံမှုများ အလွယ်တကူဖြစ်ပေါ်နေသည့်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုဦးစီးမှူး ဦးဧနော့ ဦးဆောင်သောအဖွဲ့က ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့က စတင်ကာ ဩဂုတ်လ(၂၃)ရက်နေ့အထိ  အမှိုက်များ ဆယ်ယူခြင်း နှင့် နှုံးများ ဆယ်ယူခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်မြို့ နှင့် တလော့ရပ်ကွက်တို့တွင် ရေမြောင်းများအတွင်း စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် ရေစီးရေလာအတွက် ပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ နှစ်စဉ် မိုးရာသီများတွင် ရေကြီးရေလျှံမှုများ အလွယ်ဖြစ်ပေါ်လေ့ရှိသည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ် စည်ပင်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~