တရားမဝင္ အေထာက္အထားမဲ့ခိုးဝင္လာသူ ဘဂၤါလီ(၇)ဦးႏွင့္ လမ္းျပပို႔ေဆာင္သူ ျမန္မာႏိုင္ငံသားတစ္ဦးတုိ႔အား ေတာနင္းရွာေဖြဖမ္းဆီးရမိ

တရားမဝင္ အေထာက္အထားမဲ့ခိုးဝင္လာသူ ဘဂၤါလီ(၇)ဦးႏွင့္ လမ္းျပပို႔ေဆာင္သူ ျမန္မာႏိုင္ငံသားတစ္ဦးတုိ႔အား ေတာနင္းရွာေဖြဖမ္းဆီးရမိ
ဇွန် 26, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ ေရနံမနယ္ေျမအတြင္း ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၂၅)ရက္ေန႔က တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီ (၇)ဦးႏွင့္ လမ္းျပပို႔ေဆာင္သည့္ ျမန္မာႏိုင္ငံသား (၁)ဦးတုိ႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ဘက္မွေန၍ ႏုိင္ငံသားမဟုတ္သည့္ ဘဂၤါလီမ်ားဟု ယူဆရသူမ်ား ဝင္ေရာက္လာေၾကာင္း ေဒသခံမ်ား၏ သတင္းေပးခ်က္အရ ရဲတပ္ဖြဲ႕က ဆင္ရင္ရြာႏွင့္ ဆင္ေတာင္ေခ်ာင္းအနီးတဝိုက္ ေတာနင္းရွာေဖြရာ ဇြန္လ(၂၅)ရက္ နံနက္ (၉)နာရီခဲြ၀န္းက်င္က ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံသားမဟုတ္၊ ခရီးသြားလာခြင့္အေထာက္အထားလည္း မပါရိွသည့္ အမ်ိဳးသား (၇)ဦးကို   လမ္းျပပို႔ေဆာင္ေပးသူ ျမန္မာႏုိင္ငံသား စိုးမိုးဦး (ခ)ဆန္းဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ႏိုင္ငံသားမဟုတ္သူ (၇)ဦးကို ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနႏွင့္ ပူးေပါင္းစစ္ေဆး၍ အမ်ိဳးသားမွတ္ပံုတင္အက္ဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ၿပီး အခေၾကးေငြရယူကာလုိက္ပါပို႔ေဆာင္သူ ျမန္မာႏုိင္ငံသားအား ရာဇသတ္ႀကီးပုဒ္မ ၃၆၇ ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေအတွင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့က တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၇)ဦးနှင့် လမ်းပြပို့ဆောင်သည့် မြန်မာနိုင်ငံသား (၁)ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဘက်မှနေ၍ နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီများဟု ယူဆရသူများ ဝင်ရောက်လာကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က ဆင်ရင်ရွာနှင့် ဆင်တောင်ချောင်းအနီးတဝိုက် တောနင်းရှာဖွေရာ ဇွန်လ(၂၅)ရက် နံနက် (၉)နာရီခွဲဝန်းကျင်က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံသားမဟုတ်၊ ခရီးသွားလာခွင့်အထောက်အထားလည်း မပါရှိသည့် အမျိုးသား (၇)ဦးကို လမ်းပြပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား စိုးမိုးဦး (ခ)ဆန်းဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် နိုင်ငံသားမဟုတ်သူ (၇)ဦးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေး၍ အမျိုးသားမှတ်ပုံတင်အက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အခကြေးငွေရယူကာလိုက်ပါပို့ဆောင်သူ မြန်မာနိုင်ငံသားအား ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net