မိုင်းဆတ်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 28, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း  တပ်မတော်စစ်ကြောင်းက မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့အဖြစ်  သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဟွေမော်(လားဟူ) ကျေးရွာ အနီး တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းက ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သိန်းကျော်နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်နေ့ ညနေ (၃) နာရီက မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ဟွေမော်(လားဟူ)ကျေးရွာနှင့် အရှေ့မြောက် (၂)မိုင်ခန့် အကွာ ငှက်ပျောတောအတွင်း ကျင်းတူးဝှက်ထားသည့် "999"တံဆိပ်ပါ ဖယောင်းစက္ကူဖြင့်ထုပ်လျှက်  WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀၀)ပြားပါ (၆၀၅)ထုပ်၊ စုစုပေါင်းဆေးပြား(၁,၂၁၀,၀၀၀)ပြား၊ နီညိုရောင်စိတ်ကြွဆေးပြား အကြေ(၁၅ ဒဿမ ၇၅)ကီလိုဂရမ်ခန့်နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် မုန်ညှင်းခင်းအနီး မြေကျင်းအတွင်းမှ စိတ်ကြွဆေးပြားထုတ်လုပ်ရာ တွင်အသုံးပြုသည့် စက်အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများအား တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းက ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေ (၄) နာရီခွဲခန့်က သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားရာ ငှက်ပျောတောအတွင်းမှ တွေ့ရသည့် မူးယစ်ဆေးများကို မယ(ပ)၁၀/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၁၆(ခ)ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသော စက်အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ မုန်ညင်းခင်းအနီးဝှက်ထားမှုနှင့်ပတ်သက်၍ မယ(ပ)၁၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ- ၁၆(ခ)/၂၀(ခ)ဖြင့်လည်း ကောင်း အသီးသီးအမှုဖွင့်အရေးယူထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~