ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင်အဆင်းတွင် ရပ်ထားသည့် (၁၂)ဘီးယာဉ်ကို အနောက်ကနေ တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး သေဆုံး

ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင်အဆင်းတွင် ရပ်ထားသည့် (၁၂)ဘီးယာဉ်ကို အနောက်ကနေ တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်း တာချီလိတ် - ကျိုင်းတုံလမ်းမကြီး ပေါ် ပန်ကွဲတောင်အဆင်းတွင် ရပ်ထားသည့်ကားအား ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းသူမှာ သေဆုံးသွားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင်အဆင်းတွင် တာချီလိတ်ကနေ ကျိုင်းတုံသို့ လာသည့် (၁၂)ဘီးယာဉ်တစ်စီးသည် ကားပျက်၍ ရပ်ထားချိန် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က  ကျိုင်းတုံဘက်ကို လာသည့် ဆိုင်ကယ်တစ်စီးသည် ရပ်ထားသည်ကားကို မမြင်ဘဲ အနောက်ကနေ ဝင်တိုက်မိကြောင်း သိရသည်။

ယင်းသို့ ဝင်တိုက်မိမှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ သေဆုံးပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေသို့ ကျိုင်းတုံ" နှလုံးလှပိုင်ရှင်များ"လူမှုကူညီရေးအသင်းမှ သွားရောက်ပြီး သေဆုံးသူ နှင့် ဒဏ်ရာရရှိသူကို လူနာတင်ယာဉ်ဖြင့် ကျိုင်းတုံဆေးရုံနှင့်ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကျိုင်းတုံ" နှလုံးလှပိုင်ရှင်များ"လူမှုကူညီရေးအသင်း