တာခ်ီလိတ္ - မိုင္းျဖတ္ သြားလမ္းေပၚတြင္ ဆိုင္ကယ္စီးလာသူ လူငယ္ႏွစ္ဦးမွ ကားအား၀င္တိုက္မိရာက ဒဏ္ရာရ

တာခ်ီလိတ္ - မိုင္းျဖတ္ သြားလမ္းေပၚတြင္ ဆိုင္ကယ္စီးလာသူ လူငယ္ႏွစ္ဦးမွ ကားအား၀င္တိုက္မိရာက ဒဏ္ရာရ
ဇွန် 17, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း တာခ်ီလိတ္ - မိုင္းျဖတ္သြား ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဆိုင္ကယ္တစ္စီးမွ ကားအား ၀င္တိုက္မိ၍ ဆိုင္ကယ္ေပၚပါ (၂)ဦး ဒဏ္ရာရရွိသြားၿပီး ကားအား ၀င္တိုက္မိသည့္ ဆိုင္ကယ္ေမာင္းသူမ်ားအား အမႈဖြင့္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ - မိုင္းျဖတ္သြားလမ္း ျပည္ေထာင္စုလမ္းမေပၚႀကီးေပၚ မိုင္တိုင္ အမွတ္ 720 ႏွင့္ 721 အၾကား မိုင္းျဖတ္ၿမိဳ႕နယ္ တာလေက်းရြာအနီး လမ္းအေကြ႕အေရာက္တြင္ တာခ်ီလိတ္ဘက္မွ မိုင္းျဖတ္ဘက္သို႔ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၆)ရက္ေန႔ ေန႔လည္(၁း၄၅)နာရီ၀န္းက်င္အခ်ိန္က   စိုင္းေအာင္ခမ္း ေမာင္းလာၿပီး  စိုင္းရီႏြန္းလိုက္ပါလာသည့္ ဆိုင္ကယ္သည္ အရွိန္လြန္က မိုင္းျဖတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းလာသည့္ ပရုိေဘာက္အမ်ဳိးအစား ကား၏ ၀ဲဘက္ေရွ႕တံခါးအား ၀င္ေရာက္ တိုက္မိျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ တိုက္မိျခင္းေၾကာင့္ ဆိုင္ကယ္ေမာင္းသူ စိုင္းေအာင္ခမ္းမွာ ၀ဲနဖူးေပါက္ၿပဲဒဏ္ရာရရွိကာ စိုးရိမ္ရေၾကာင္းႏွင့္ ဆိုင္ကယ္ေနာက္မွ လိုက္ပါလာသူ စိုင္းရီႏြန္းမွာ ၀ဲပါးေပါက္ၿပဲဒဏ္ရာ၊ ခါး၀ဲဘက္ျခမ္း နာက်င္ဒဏ္ရာ ႏွင့္ ေျခသလံုး နာက်င္ဒဏ္ရာမ်ား ရရွိသြားေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကားအား ၀င္တိုက္မိခဲ့သည့္ ဆိုင္ကယ္ေမာင္းသူအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ -၂၇၉/၃၃၇/၃၃၈ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဒဏ္ရာရရွိသည့္ စိုင္းေအာင္ခမ္းအား မိုင္းျဖတ္ျပည္သူ႔ေဆးရံုမွ တဆင့္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ မိုင္းျဖတ္ၿမိဳ႕ သဂၤဟလူမႈကူညီေရးအသင္းက ကူညီပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မိုင္းျဖတ္ၿမိဳ႕ သဂၤဟလူမႈကူညီေရးအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း တာချီလိတ် - မိုင်းဖြတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးမှ ကားအား ဝင်တိုက်မိ၍ ဆိုင်ကယ်ပေါ်ပါ (၂)ဦး ဒဏ်ရာရရှိသွားပြီး ကားအား ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းသူများအား အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ် - မိုင်းဖြတ်သွားလမ်း ပြည်ထောင်စုလမ်းမပေါ်ကြီးပေါ် မိုင်တိုင် အမှတ် 720 နှင့် 721 အကြား မိုင်းဖြတ်မြို့နယ် တာလကျေးရွာအနီး လမ်းအကွေ့အရောက်တွင် တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ ၂၀၁၉ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နေ့လည်(၁း၄၅)နာရီဝန်းကျင်အချိန်က စိုင်းအောင်ခမ်း မောင်းလာပြီး စိုင်းရီနွန်းလိုက်ပါလာသည့် ဆိုင်ကယ်သည် အရှိန်လွန်က မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းလာသည့် ပရိုဘောက်အမျိုးအစား ကား၏ ဝဲဘက်ရှေ့တံခါးအား ဝင်ရောက် တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်မိခြင်းကြောင့် ဆိုင်ကယ်မောင်းသူ စိုင်းအောင်ခမ်းမှာ ဝဲနဖူးပေါက်ပြဲဒဏ်ရာရရှိကာ စိုးရိမ်ရကြောင်းနှင့် ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ စိုင်းရီနွန်းမှာ ဝဲပါးပေါက်ပြဲဒဏ်ရာ၊ ခါးဝဲဘက်ခြမ်း နာကျင်ဒဏ်ရာ နှင့် ခြေသလုံး နာကျင်ဒဏ်ရာများ ရရှိသွားသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကားအား ဝင်တိုက်မိခဲ့သည့် ဆိုင်ကယ်မောင်းသူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ -၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် စိုင်းအောင်ခမ်းအား မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ တဆင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ မိုင်းဖြတ်မြို့ သဂငှ်လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မိုင်းဖြတ်မြို့ သဂငှ်လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net