ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆး၀ါးျဖန္႔ျဖဴးေရာင္းခ်ေနေၾကာင္း သတင္းရသည့္ ေနအိမ္အား ရဲတပ္ဖြဲ႔က ၀င္စစ္ရာမွ အိမ္ရွင္ထြက္ေျပးလြတ္ေျမာက္ကာ အမ်ဳိးသားႏွစ္ဦးကို မူးယစ္ေဆး၀ါးႏွင့္ဖမ္းမိ

ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆး၀ါးျဖန္႔ျဖဴးေရာင္းခ်ေနေၾကာင္း သတင္းရသည့္ ေနအိမ္အား ရဲတပ္ဖြဲ႔က ၀င္စစ္ရာမွ အိမ္ရွင္ထြက္ေျပးလြတ္ေျမာက္ကာ အမ်ဳိးသားႏွစ္ဦးကို မူးယစ္ေဆး၀ါးႏွင့္ဖမ္းမိ
ဇွန် 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕  ေက်ာက္မဲႀကီးေက်းရြာအုပ္စု မန္​ကန္​ေက်းရြာရွိ လူေနအိမ္တစ္ခုတြင္ မူးယစ္ေဆးဝါးျဖန္႔ျဖဴး ေရာင္းခ်ေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႔က ဇြန္လ(၂၈)ရက္ေန႔ မြန္းလြဲပိုင္းတြင္ ၀င္ေရာက္ရွာေဖြရာက ေနအိမ္တြင္ေရာက္ရွိေနသည့္ အမ်ဳိးသား(၂)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိၿပီး အိမ္ရွင္မွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႔ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ အဆိုပါ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရွာေဖြစဥ္ ေနအိမ္ပိုင္ရွင္ျဖစ္သူ ဦးမာေနာဆိုသူမွာ ျပဴတင္းေပါက္မွ ခုန္ခ်ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔က ဆက္လက္၍ ရွာေဖြရာ ေနအိမ္တြင္ မူးယစ္ေဆး၀ါးသံုးစြဲရန္ ေရာက္ရွိေနသည့္ အသက္(၁၆)ႏွစ္အရြယ္ ခ်မ္းေျမ႕ကိုကိုေအာင္ ႏွင့္ အသက္(၂၅)ႏွစ္အရြယ္ သက္ႏိုင္လြင္တို႔အား ေတြ႔ရွိရေၾကာင္းႏွင့္ ေနအိမ္၏ ေရခ်ဳိးခန္းအတြင္းမွ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၉၅)ျပားအား ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

ဆက္လက္၍ ရွာေဖြမႈမ်ား ျပဳလုပ္ရာ စိတ္ၾကြေဆးျပား သံုးစြဲရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားႏွင့္ ပိုက္ဆံအိတ္တစ္လံုး၊ ဆိုင္ကယ္တစ္စီးတို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးသံုးစြဲရန္ ေရာက္ရွိေနသည့္ ၎တို႔ ႏွစ္ဦး ႏွင့္ ထြက္ေျပးလြတ္ေျမာက္သြားသည့္ အိမ္ရွင္ျဖစ္သူ ဦးမာေနာဆိုသူအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ ) ၄၀/ ၂၀၁၉ ၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ တို႔ျဖင့္ အမႈဖြင့္ထားၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူအား ဖမ္းဆီးရမိေရးအတြက္္ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔က ႀကိဳးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ကျောက်မဲကြီးကျေးရွာအုပ်စု မန်​ကန်​ကျေးရွာရှိ လူနေအိမ်တစ်ခုတွင် မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဇွန်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်ရှာဖွေရာက နေအိမ်တွင်ရောက်ရှိနေသည့် အမျိုးသား(၂)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိပြီး အိမ်ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အဆိုပါ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေစဉ် နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးမာနောဆိုသူမှာ ပြူတင်းပေါက်မှ ခုန်ချထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ဆက်လက်၍ ရှာဖွေရာ နေအိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် ချမ်းမြေ့ကိုကိုအောင် နှင့် အသက်(၂၅)နှစ်အရွယ် သက်နိုင်လွင်တို့အား တွေ့ရှိရကြောင်းနှင့် နေအိမ်၏ ရေချိုးခန်းအတွင်းမှ စိတ်ကြွဆေးပြား စုစုပေါင်း (၂၉၅)ပြားအား ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေမှုများ ပြုလုပ်ရာ စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ပိုက်ဆံအိတ်တစ်လုံး၊ ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့်၎င်းတို့ နှစ်ဦး နှင့် ထွက်ပြေးလွတ်မြောက်သွားသည့် အိမ်ရှင်ဖြစ်သူ ဦးမာနောဆိုသူအား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ ) ၄၀/ ၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် ကျောက်မဲမြို့မရဲတပ်ဖွဲ့က ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net