မိုင်းလားဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပျော်ပွဲရွှင်ပွဲများနှင့် လူစုလူဝေးများ မပြုလုပ်ရန် တားမြစ်ထားသော်လည်း KTV ဖွင့်လှစ်နေသည့်ကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူ

မိုင်းလားဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပျော်ပွဲရွှင်ပွဲများနှင့် လူစုလူဝေးများ မပြုလုပ်ရန် တားမြစ်ထားသော်လည်း KTV ဖွင့်လှစ်နေသည့်ကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူ
ဖေဖော်ဝါရီ 9, 2020
By Tachileik News Agency

မိုင်းလားဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပျော်ပွဲရွှင်ပွဲများနှင့် လူစုလူဝေးများ မပြုလုပ်ရန် တားမြစ်ထားသော်လည်း KTV ဖွင့်လှစ်နေသည့်ကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားဒေသတွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးများ မပြုလုပ်ရန် နှင့် KTV နှင့် အားကစားကွင်းများ ယာယီပိတ်ထားရန် အသိပေးထားသော်လည်း KTV  ဆိုင်တစ်ဆိုင်အား မပိတ်ဘဲ ဖွင့်လှစ်ထားရှိသည်ကို စစ်ဆေးတွေ့ရှိရ၍ အရေးယူဆောင်ရွက်ထားကြောင်း မိုင်းလားသတင်းဌာနက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့ ညပိုင်းက ဖော်ပြထားရှိသည်။

ပျံ့နှံ့ကူးစက်မှုမြန်ဆန်သည့် ဝူဟန်အဆုတ်ရောင်ရောဂါ(နိုဗယ်ကိုရိုနာဗိုင်းရပ်စ်)အား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)မိုင်းလားတွင် ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပသည့်နေရာများနှင့် လူစုလူဝေးလှုပ်ရှားမှုများကို ယာယီရပ်တန့် ဖျက်သိမ်းရမည်ဖြစ်ပြီး နယ်စပ်ဂိတ်တွင်လည်း ကျန်းမာရေးစစ်ဆေးမှုများကို ပူးပေါင်းပါဝင် ကူညီပေးကြရန် အထူးဒေသ(၄)မိုင်းလား၏  ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီက ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ ရက်စွဲဖြင့် အသိပေးထားခြင်း ဖြစ်သည်။

ထိုသို့ အသိပေးထားသော်လည်း KTV အား လုပ်ငန်း ယာယီပိတ်သိမ်းခြင်း မရှိဘဲ ဖွင့်ထားသည်ကို သိရှိရသည့် အတွက် မိုင်းလားဒေသမှ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးပြီး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

မိုင်းလားဒေသအတွင်း ဘောလုံး၊ ဘတ်စကတ်ဘော၊ ခြင်းလုံး၊ ကြက်တောင်၊ ဘော်လီဘော၊ ဂေါက်သီးရိုက်ခြင်း၊ ရင်ပြင်တွင် ကခုန်ခြင်း၊ ရေကူးခြင်း နှင့် ပြေးခြင်း စသည့် ကိုယ်လက် လှုပ်ရှားအားကစားများကို မပြုလုပ်ကြရန် မေတ္တာရပ်ခံထားရှိသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် လတ်တလောတွင် လူစုလူဝေး မပြုလုပ်ရန် ယာယီတားမြစ်ထားသည့် မိုင်းလားတွင် မိုင်းလားငြိမ်းချမ်းရေးရင်ပြင်၊ မိုင်းလားအားကစားကွင်း၊ ထျဲန်းကျန့်အားကစားရုံ နှင့် မိုင်းလားဂေါက်ကွင်း စသည့်နေရာများအား ယာယီပိတ်ထားမည်ဖြစ်ပြီး ဖွင့်လှစ်မည့် အချိန်ကိုလည်း ပြန်လည်၍ အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source; Mongla News

ဆက်စပ်သတင်း

မိုင်းလားတွင် ဝူဟန်ဂယက်ကြောင့်  ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှု မရှိစေရန် ကုန်ဈေးနှုန်း ထိန်းချုပ်ပေးထား 

 မိုင်းလားဒေသအတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ပွဲလမ်းသဘင်များနှင့် ပျော်ပွဲရွှင်ပွဲများ လူစုလူဝေးများ ယာယီ တားမြစ်ထား 

ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် မိုင်းလားဒေသအတွင်း အားကစားကွင်း နှင့် အားကစားရုံများကို ယာယီပိတ်ထားမည် 

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~