မိုင်းဆတ်မြို့ရှိ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြ ဇာတ်တိုက်

မိုင်းဆတ်မြို့ရှိ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြ ဇာတ်တိုက်
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency
မိုင်းဆတ်မြို့ရှိ  မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြ ဇာတ်တိုက်

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၏ မြို့မဈေးတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ (၇ ) ရက် မွန်းလွဲ (၁)နာရီအချိန်က မြို့မဈေးအတွင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မိုင်းဆတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်း ဦးဆောင်သော သံန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန်မီး သတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့က မီးသတ်ငြိမ်းသတ်ယာဉ် (၄)စီးဖြင့် မီးငြိမ်းသတ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပြီး မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်း ပြုလုပ်ရာ ဈေးသူဈေးသားတို့က ပူးပေါင်းပါဝင် လက်တွေ့ လိုက်နာ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

သရုပ်ပြဇာတ်တိုက်ရာသို့ မိုင်းဆတ် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်နိုင် နှင့် အဖွဲ့ဝင် များ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~