တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ်၏ (၅)လတာ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၅)ဦးအထိ ရှိလာ
တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ်၏ (၅)လတာ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၅)ဦးအထိ ရှိလာ
ဇှနျ 5, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလတွင် (၆) ဦး၊ ဖေဖော်ဝါရီလတွင် (၆) ဦး၊ မတ်လတွင် (၁) ဦး၊ ဧပြီလတွင် (၁) ဦး၊ မေလတွင် (၂၁) ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်သွားရန် စီစဉ်ထားပြီး ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နေကြောင်း၊ တာချီလိတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး အပတ်စဉ်အစီရင်ခံစာများကို ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနေကြောင်း သိရသည်။ 
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Wai Yan Linn
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၏ (၅) လတာ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း (၃၅)ဦး အထိ ရှိခဲ့သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများပူးပေါင်းပြီး အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ မနှစ်ကလည်း အတွေ့အကြုံတွေရှိတယ်။ ဒီနှစ်သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက်ကို ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စနေ့နေ့တိုင်းအပတ်စဉ် မြို့ပေါ်ရပ်ကွက်တွေမှာ သန့်ရှင်းရေးဆောင်ရွက်နေတဲ့ အချိန်မှာပေါ့ ကျန်းမာရေးဌာနကလည်းပူးပေါင်းပါဝင်ပြီးတော့မှ သွေးလွန်တုပ်ကွေးကာကွယ်ရေးပေါ့၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်ပေါ့။ ကျန်းမာရေးကညွှန်ကြားချက်တွေနဲ့အညီ လုပ်ဖို့အတွက် မနေ့ကခရိုင်စီခန့်အစည်းအေဝးမှာလည်းပဲ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လာမယ့်စနေနေ့ကနေစပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ကို ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ မနှစ်ကလည်း ပါဝင်တဲ့အဖွဲ့တွဖြေစ်တဲ့ ကြက်ခြေနီတို့၊ မီးသတ်တို့၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေ အားလုံးပူးပေါင်းလုပ်ဖို့ ဆောင်ရွက်ထားပါတယ်"ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၅)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနဖြေင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် (၆) ဦး၊ ဖေဖော်ဝါရီလတွင် (၆) ဦး၊ မတ်လတွင် (၁) ဦး၊ ဧပြီလတွင် (၁) ဦး၊ မေလတွင် (၂၁) ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်သွားရန် စီစဉ်ထားပြီး ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နေကြောင်း၊ တာချီလိတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နပြေီး အပတ်စဉ်အစီရင်ခံစာများကို ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Wai Yan Linn
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net