မဲေခါင္ျမစ္ႏွင့္ ျမစ္လက္တက္မ်ား၏ ေရအရည္အေသြးတိုင္းတာေရးအတြက္ တာခ်ီလိတ္တြင္ အႀကံျပဳေဆြးေႏြး

မဲေခါင္ျမစ္ႏွင့္ ျမစ္လက္တက္မ်ား၏ ေရအရည္အေသြးတိုင္းတာေရးအတြက္ တာခ်ီလိတ္တြင္ အႀကံျပဳေဆြးေႏြး
ဇူလိုင် 24, 2019
By Tachileik News Agency

တရုတ္ႏိုင္ငံမွ ပံ့ပိုးသည့္ မဲေခါင္ - လန္ခ်န္း ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ အထူးရန္ပံုေငြ အေမရိကန္ေဒၚလာ (၃) သိန္းေက်ာ္ျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ မဲေခါင္ျမစ္ႏွင့္ ျမစ္လက္တက္မ်ား ေရအရည္ အေသြးတိုင္းတာေရးကို (၂)ႏွစ္ၾကာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ၊ တရုတ္၊ လာအိုႏွင့္ ထိုင္း (၄) ႏိုင္ငံပိုင္ဆိုင္သည့္ မဲေခါင္ျမစ္ဧရိယာအတြင္း ျမန္မာႏိုင္ငံဘက္အျခမ္းႏွင့္ ျမစ္လက္တက္မ်ား၏ ေရအရည္အေသြးတိုင္းတာႏိုင္ေရးအတြက္ အႀကံျပဳေဆြးေႏြးပြဲကို တာခ်ီလိတ္ခရိုင္မွ တာ၀န္ရိွသူမ်ားႏွင့္ ရွမ္းျပည္နယ္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနမွ တာ၀န္ရိွသူမ်ားက တာခ်ီလိတ္ၿမိဳ႕ စုေပါင္းရံုးခန္းမတြင္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၄) ရက္ေန႔ ေန႔လယ္ (၂) နာရီခြဲက တံခါးပိတ္ ေဆြးေႏြးပြဲ က်င္းပခဲ့သည္။ 

"ဒီလို ေရအရည္အေသြးတိုင္းတာတဲ့ အခါၾကေတာ့ ပထမဆံုးေျပာခ်င္တာကေတာ့ ေရအရည္အေသြး တိုင္းတာတဲ့စက္ေတြ ရမယ္။ ေရအရည္အေသြးတိုင္းတာတဲ့ နည္းလမ္းေတြလည္း ရတယ္။ ကိုယ့္၀န္ထမ္းေတြရဲ႕ အရည္အေသြးကို ျမႇင့္တင္ႏိုင္တယ္။ ေနာက္တစ္ခ်က္က ေရအရည္အေသြး တိုင္းတာျခင္းအားျဖင့္ ကိုယ့္ႏိုင္ငံအတြက္ မေကာက္ဘူးထားေသးတဲ့ Data ေတြစုေဆာင္းရရိွႏိုင္တယ္။ ဒီေရအရည္အေသြးကိုၾကည့္ျခင္းအားျဖင့္ ေဂဟစနစ္ ပ်က္စီးတယ္။ မပ်က္စီးဘူးဆိုတာ သိမယ္။ ျမစ္ေခ်ာင္းေတြတိုင္းတာျခင္းအားျဖင့္ ေျမေပၚေရအရည္အေသြး၊ ေျမေအာက္ေရအရည္အေသြးေတြကို တြက္ခ်က္ႏိုင္မယ္"ဟု ရွမ္းျပည္နယ္ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ေဒၚစိန္မမက တံခါးပိတ္အစည္းအေ၀းအၿပီးတြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအေနျဖင့္ မဲေခါင္ျမစ္ႏွင့္ ျမစ္လက္တက္မ်ား ေရအရည္အေသြးတိုင္းတာေရးအတြက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မိုးေလ၀သႏွင့္ဇလေဗဒ ဦးစီးဌာန၊ အမွတ္(၂) သတၱဳတြင္းလုပ္ငန္း၊ သတၱဳလုပ္ငန္းရွင္မ်ားအသင္း၊ ငါးလုပ္ငန္းဦးစီးဌာနႏွင့္ ေရေၾကာင္းရဲတပ္ဖြဲ႕တို႔ ပါ၀င္သည့္အဖြဲ႕ကိုဖြဲ႕စည္းေပးခဲ့ၿပီး ယင္းအဖြဲ႕မွ (၁) လလွ်င္ (၁) ႀကိမ္ ေရအရည္အေသြးတိုင္းတာမည့္ေနရာမ်ားကို ကြင္းဆင္းမႈမ်ားလုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း  - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တရုတ်နိုင်ငံမှ ပံ့ပိုးသည့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃) သိန်းကျော်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မဲခေါင်မြစ်နှင့် မြစ်လက်တက်များ ရေအရည် အသွေးတိုင်းတာရေးကို (၂)နှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်း (၄) နိုင်ငံပိုင်ဆိုင်သည့် မဲခေါင်မြစ်ဧရိယာအတွင်း မြန်မာနိုင်ငံဘက်အခြမ်းနှင့် မြစ်လက်တက်များ၏ ရေအရည်အသွေးတိုင်းတာနိုင်ရေးအတွက် အကြံပြုဆွေးနွေးပွဲကို တာချီလိတ်ခရိုင်မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများက တာချီလိတ်မြို့ စုပေါင်းရုံးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့ နေ့လယ် (၂) နာရီခွဲက တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

"ဒီလို ရေအရည်အသွေးတိုင်းတာတဲ့ အခါကြတော့ ပထမဆုံးပြောချင်တာကတော့ ရေအရည်အသွေး တိုင်းတာတဲ့စက်တွေ ရမယ်။ ရေအရည်အသွေးတိုင်းတာတဲ့ နည်းလမ်းတွေလည်း ရတယ်။ ကိုယ့်ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်တယ်။ နောက်တစ်ချက်က ရေအရည်အသွေး တိုင်းတာခြင်းအားဖြင့် ကိုယ့်နိုင်ငံအတွက် မကောက်ဘူးထားသေးတဲ့ Data တွေစုဆောင်းရရှိနိုင်တယ်။ ဒီရေအရည်အသွေးကိုကြည့်ခြင်းအားဖြင့် ဂေဟစနစ် ပျက်စီးတယ်။ မပျက်စီးဘူးဆိုတာ သိမယ်။ မြစ်ချောင်းတွေတိုင်းတာခြင်းအားဖြင့် မြေပေါ်ရေအရည်အသွေး၊ မြေအောက်ရေအရည်အသွေးတွေကို တွက်ချက်နိုင်မယ်"ဟု ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိန်မမက တံခါးပိတ်အစည်းအေဝးအပြီးတွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနဖြေင့် မဲခေါင်မြစ်နှင့် မြစ်လက်တက်များ ရေအရည်အသွေးတိုင်းတာရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ သတ္တုလုပ်ငန်းရှင်များအသင်း၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ ပါဝင်သည့်အဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပြီး ယင်းအဖွဲ့မှ (၁) လလျှင် (၁) ကြိမ် ရေအရည်အသွေးတိုင်းတာမည့်နေရာများကို ကွင်းဆင်းမှုများလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net