မိုင်းယောင်းတွင် KBZ Pay ဆိုင်ခွဲများဖွင့်ရန် သွားရောက်သည့် KBZ ဘဏ် ဝန်ထမ်းများ၏ ကား ချောက်ထဲ ထိုးကျရာမှ (၁)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရ

မိုင်းယောင်းတွင် KBZ Pay ဆိုင်ခွဲများဖွင့်ရန် သွားရောက်သည့် KBZ ဘဏ် ဝန်ထမ်းများ၏ ကား ချောက်ထဲ ထိုးကျရာမှ (၁)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရ
ဒီဇင်ဘာ 20, 2019
By Tachileik News Agency

မိုင်းယောင်းတွင် KBZ Pay ဆိုင်ခွဲများဖွင့်ရန် သွားရောက်သည့် KBZ ဘဏ် ဝန်ထမ်းများ၏ ကား 
ချောက်ထဲ ထိုးကျရာမှ (၁)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် နံနက် (၁၀) နာရီဝန်းကျင်က ပေ (၁၅၀) ခန့်နက်သည့် ချောက်အတွင်းသို့ KBZ ဘဏ်ဝန်ထမ်းများ လိုက်ပါသွားသည့် မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်သွားသဖြင့် တစ်ဦးသေဆုံးသွားပြီး နှစ်ဦးဒဏ်ရာရသည်။

မိုင်းယောင်းမြို့နယ်၌ KBZ Pay ဆိုင်ခွဲများ ဖွင့်လှစ်ရန်အတွက်  ယာဉ်မောင်း ရဲမင်းမောင်းနှင်ပြီး မိုင်းဖြတ် KBZ ဘဏ်ခွဲ ဝန်ထမ်းများဖြစ်သည့် အသက် (၃၀)အရွယ် ဒေါ်နန်းခမ်းတစ်နှင့် အသက် (၂၄)နှစ်အရွယ် ဒေါ်ဝတ်ရည်စံတို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် နံနက် (၈) နာရီခွဲတွင် မိုင်းဖြတ်မှ မိုင်းယောင်းသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ ဖတ္တူကျေးရွာအနီးရှိ မိုင်းဖြတ်-မိုင်းယောင်း ကားလမ်းပေါ် မိုင်တိုင်အမှတ် (၃၆၅)အနီး လမ်းအကွေ့နေရာအရောက်တွင် မော်တော်ယာဉ် လမ်းချော်၍ လမ်းမ၏ ဝဲဘက်ရှိ ပေ (၁၅၀) ခန့်နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်ပေါ်ပါသူများ ဒဏ်ရာရရှိသွားသဖြင့် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဒေါ်နန်းခမ်းတစ်မှာ လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် ဒေါ်ဝတ်ရည်စံကို မိုင်းဖြတ်ဆေးရုံမှတစ်ဆင့် တာချီလိတ်ပြည်သူ့ဆေးရုံသို့ မိုင်းဖြတ်ရှိ သင်္ဂဟလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးထားကြောင်း သိရသည်။

မော်တော်ယာဉ်မောင်း ရဲမင်းကို မိုင်းယောင်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇-၃၃၈(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းယောင်းခမ်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~