တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုရွိ ေအာင္ေျမသာစည္ေက်ာင္းတုိက္တြင္ ေရႊစည္းခံုအလိုေတာ္ျပည့္ေစတီ ထီးတင္ပြဲနွင့္ တံခြန္တုိင္ေရစက္ခ်ပြဲ ေမလ(၁၈)ရက္ေန႔တြင္ က်င္းပမည္

တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုရွိ ေအာင္ေျမသာစည္ေက်ာင္းတုိက္တြင္ ေရႊစည္းခံုအလိုေတာ္ျပည့္ေစတီ ထီးတင္ပြဲနွင့္ တံခြန္တုိင္ေရစက္ခ်ပြဲ ေမလ(၁၈)ရက္ေန႔တြင္ က်င္းပမည္
မေ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ လြယ္စီတံုရွိ ေအာင္ေျမသာစည္ေက်ာင္းတုိက္၌ တည္ထားေသာ ေရႊစည္းခံုအလိုေတာ္ျပည့္ ကမၻာေအးေစတီ ထီးတင္ပြဲႏွင့္ တံခြန္တုိင္ေရစက္ခ်ပြဲကို  ၂၀၁၉ ခုႏွစ္၊ ေမလ (၁၈)ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထီးတင္ပြဲႏွင့္ ေရစက္ခ်ပြဲသို႔ မႏၱေလးတုိင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕ သာသနေဝပုလႅစာသင္တုိက္မွ ႏုိင္ငံေတာ္သံဃာ့မဟာနာယက ဒုတိယဥကၠဌ ဆရာေတာ္ ဘဒၵႏၱေကာဝိဒ အဂၢမဟာပ႑ိတ ဘဒၵႏၱေကာ၀ိဒ ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထီးေတာ္တင္လွဴပြဲအား ၂၀၁၉ခုႏွစ္ ေမလ(၁၈)ရက္ နံနက္(၈)နာရီတြင္ ထီေတာ္တင္မဂၤလာအခမ္းအနားအား က်င္းပျပဳလုပ္မည္ျဖစ္ၿပီး နံနက္(၁၀)နာရီတြင္ ေရစက္ခ်တရားေတာ္ယူအခမ္းအားကို က်င္းပျပဳလုပ္ကာ ဧည့္ခံေကြ်းေမြးခ်ိန္အား နံနက္(၉)နာရီမွ ေန႔လလည္(၁၂)နာရီအထိ သတ္မွတ္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ လွယ်စီတုံရှိ အောင်မြေသာစည်ကျောင်းတိုက်၌ တည်ထားသော ရွှေစည်းခုံအလိုတော်ပြည့် ကမ္ဘာအေးစေတီ ထီးတင်ပွဲနှင့် တံခွန်တိုင်ရေစက်ချပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထီးတင်ပွဲနှင့် ရေစက်ချပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ သာသနဝေပုလ္လစာသင်တိုက်မှ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တကောဝိဒ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထီးတော်တင်လှူပွဲအား ၂၀၁၉ခုနှစ် မေလ(၁၈)ရက် နံနက်(၈)နာရီတွင် ထီတော်တင်မင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ပြီး နံနက်(၁၀)နာရီတွင် ရေစက်ချတရားတော်ယူအခမ်းအားကို ကျင်းပပြုလုပ်ကာ ဧည့်ခံကျွေးမွေးချိန်အား နံနက်(၉)နာရီမှ နေ့လလည်(၁၂)နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net