က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္စု(၃)ခုရွိ ေျမလြတ္ေျမရိုင္းမ်ားကို ကြၽြဲႏြားမ်ားအတြက္ စားက်က္ေျမေလွ်ာက္ထားမည္

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္စု(၃)ခုရွိ ေျမလြတ္ေျမရိုင္းမ်ားကို ကြၽြဲႏြားမ်ားအတြက္ စားက်က္ေျမေလွ်ာက္ထားမည္
ဇွန် 25, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမို႕နယ္ရိွ ကတ္ထုိက္၊ ပင္းေတာက္ႏွင့္ ပန္မတ္ေက်းရြာအုပ္စု (၃)ခုတြင္ စားက်က္ေျမမရိွသျဖင့္ ကၽြဲႏြားေမြးျမဴသူမ်ားႏွင့္ ေတာင္သူမ်ားအၾကား မၾကာခဏျပႆနာျဖစ္ပြားေနသျဖင့္ အဆိုပါေက်းရြာမ်ားအနီးရိွ ေျမလြတ္ေျမရိုင္းမ်ားမွ စားက်က္ေျမေလွ်ာက္ထားရန္ စီစဥ္ေနေၾကာင္း သိရသည္။

"အဲဒီေနရာက နယ္ (၃) ေနရာဆံုတာေပ့ါ။ ကတ္ထိုက္အုပ္စုရယ္၊ ပင္းေတာက္အုပ္စုရယ္၊ ပန္မတ္အုပ္စုရယ္ ဆံုတာေပါ့။ ကတ္ထိုက္အုပ္စုက ႏြားေတြ ကၽြဲေတြေမြးတာက ဒီဘက္ကိုလာေက်ာင္းေတာ့ ပင္းေတာက္အုပ္စုက လယ္ေတြပ်က္တာေပါ့။ လယ္စိုက္တဲ့သူေတြေရာ ကၽြဲ၊ ႏြားေမြးတဲ့ပိုင္ရွင္ေတြေရာ အကုန္ေခၚလိုက္တယ္။ ပင္းေတာက္အုပ္စုဖက္ကိုမသြားႏိုင္ေအာင္ ၿခံစည္းရိုးကာခိုင္းထားတယ္။ သြပ္နန္းႀကိဳးေတြကာခိုင္းထားတယ္။ အဲဒီေနရာမွာ ေျမလြတ္ေျမရိုင္းေတြရိွတယ္။ စားက်က္ေျမေလွ်ာက္ခိုင္းထားတယ္။ ဟိုဘက္ကို ကၽြဲ၊ ႏြားေတြဝင္လို႔ လယ္ပ်က္စီးရင္ ေလ်ာ္ေၾကးေပးရမယ္လို႔ ေျပာထားတယ္။ ေျမာင္းတူးမယ္၊ ေျမာင္းတစ္ဖက္မွာ သံဆူးႀကိဳးကာခိုင္းထားတယ္"ဟု က်ိဳင္းတံုၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ၀႑စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေက်းရြာအုပ္စု (၃)ခုတြင္ စပါးစိုက္ေတာင္သူမ်ားႏွင့္ ကၽြဲႏြားေမြးျမဴသူမ်ားအၾကား ျပသနာျဖစ္ပြားေနသျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ဌာနဆိုင္ရာမ်ားပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၃) ရက္ေန႔တြင္ သြားေရာက္ေျဖရွင္းေပးထားျခင္းျဖစ္ေၾကာင္း  သိရသည္။

ကတ္ထုိက္ေက်းရြာအုပ္စု တံုကြမ္ေက်းရြာမွ ကၽြဲ၊ ႏြားေကာင္ေရ (၂၀၀) ခန္႔မွာ စားက်က္ေျမမရိွသျဖင့္ အနီးနားရိွ ပင္းေတာက္ေက်းရြာအုပ္စု ဝမ္ေနာင္ေက်းရြာ၊ တင္ထပ္ေက်းရြာႏွင့္ ဝမ္ခါးေက်းရြာမ်ားမွ စိုက္ခင္းမ်ားတြင္ ဝင္ေရာက္စားေသာက္မႈေၾကာင့္ ၿမို႕နယ္စီမံခန္႔ခြဲမႈေကာ္မတီသို႔ တိုင္ၾကားမႈမ်ားရိွေနသျဖင့္ သြားေရာက္ေျဖရွင္းေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - WNS

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့နယ်အတွင်း ကျေးရွာအုပ်စု(၃)ခုရှိ မြေလွတ်မြေရိုင်းများကို ကျွဲနွားများအတွက် စားကျက်မြေလျှောက်ထားမည်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ကတ်ထိုက်၊ ပင်းတောက်နှင့် ပန်မတ်ကျေးရွာအုပ်စု (၃)ခုတွင် စားကျက်မြေမရှိသဖြင့် ကျွဲနွားမွေးမြူသူများနှင့် တောင်သူများအကြား မကြာခဏပြဿနာဖြစ်ပွားနေသဖြင့် အဆိုပါကျေးရွာများအနီးရှိ မြေလွတ်မြေရိုင်းများမှ စားကျက်မြေလျှောက်ထားရန် စီစဉ်နေကြောင်း သိရသည်။

"အဲဒီနေရာက နယ် (၃) နေရာဆုံတာပေ့ါ။ ကတ်ထိုက်အုပ်စုရယ်၊ ပင်းတောက်အုပ်စုရယ်၊ ပန်မတ်အုပ်စုရယ် ဆုံတာပေါ့။ ကတ်ထိုက်အုပ်စုက နွားတွေ ကျွဲတွေမွေးတာက ဒီဘက်ကိုလာကျောင်းတော့ ပင်းတောက်အုပ်စုက လယ်တွေပျက်တာပေါ့။ လယ်စိုက်တဲ့သူတွေရော ကျွဲ၊ နွားမွေးတဲ့ပိုင်ရှင်တွေရော အကုန်ခေါ်လိုက်တယ်။ ပင်းတောက်အုပ်စုဖက်ကိုမသွားနိုင်အောင် ခြံစည်းရိုးကာခိုင်းထားတယ်။ သွပ်နန်းကြိုးတွေကာခိုင်းထားတယ်။ အဲဒီနေရာမှာ မြေလွတ်မြေရိုင်းတွေရှိတယ်။ စားကျက်မြေလျှောက်ခိုင်းထားတယ်။ ဟိုဘက်ကို ကျွဲ၊ နွားတွေဝင်လို့ လယ်ပျက်စီးရင် လျော်ကြေးပေးရမယ်လို့ ပြောထားတယ်။ မြောင်းတူးမယ်၊ မြောင်းတစ်ဖက်မှာ သံဆူးကြိုးကာခိုင်းထားတယ်"ဟု ကျိုင်းတုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဍစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကျေးရွာအုပ်စု (၃)ခုတွင် စပါးစိုက်တောင်သူများနှင့် ကျွဲနွားမွေးမြူသူများအကြား ပြသနာဖြစ်ပွားနေသဖြင့် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် သွားရောက်ဖြေရှင်းပေးထားခြင်းဖြစ်ကြောင်း  သိရသည်။

ကတ်ထိုက်ကျေးရွာအုပ်စု တုံကွမ်ကျေးရွာမှ ကျွဲ၊ နွားကောင်ရေ (၂၀၀) ခန့်မှာ စားကျက်မြေမရှိသဖြင့် အနီးနားရှိ ပင်းတောက်ကျေးရွာအုပ်စု ဝမ်နောင်ကျေးရွာ၊ တင်ထပ်ကျေးရွာနှင့် ဝမ်ခါးကျေးရွာများမှ စိုက်ခင်းများတွင် ဝင်ရောက်စားသောက်မှုကြောင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ တိုင်ကြားမှုများရှိနေသဖြင့် သွားရောက်ဖြေရှင်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - WNS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net