တာချီလိတ်မြို့တွင် ဆောက်လုပ်စ (၄)ထပ်တိုက်ပေါ်က လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး

တာချီလိတ်မြို့တွင် ဆောက်လုပ်စ (၄)ထပ်တိုက်ပေါ်က လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး
ဒီဇင်ဘာ 8, 2019
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်က ဆောက်လက်စ လေးထပ်တိုက်တွင် ငြမ်းလျှောကျသဖြင့် ဆောက်လုပ်ရေး အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးသွားသည်။
ဝိန်းကျောက်ရပ်ကွက်အတွင်း၌ ဆောက်လက်စဖြစ်သည့် လေးထပ်တိုက်အဆောက်အဦ၌ ပန်းဆွဲလုပ်ငန်းဆောင်ရွက်နေသည့် လုပ်သား (၄)ဦးသည် ငြမ်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး (၃)ပေခန့်အကွာမှနေ၍ ပန်းဆွဲလုပ်ငန်း ဆောင်ရွက်နေကြစဉ် အသက် (၄၂)နှစ်အရွယ် ဦးခင်မောင်သန်းသည် ၎င်းနင်းထားသည့် ငြမ်းလျှောကျသွားရာမှ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြုတ်ကျသေဆုံးသွားသူအား အလင်းရောင်ပရဟိတအသင်းက  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး သက်ဆိုင်ရာက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၇/၂၀၁၉)ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - အလင်းရောင်ပရဟိတအသင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~