က်ိဳင္းတံုၿမိဳ႕နယ္ ပါဆမ္ရြာတြင္ ၂၀၁၉ စားသံုးသူကာကြယ္ေရးဥပေဒသစ္ အသိပညာေပးမႈႏွင့္ တိုင္းရင္းေဆးအခမဲ့ေဆးကုသမႈ ေဆာင္ရြက္

က်ိဳင္းတံုၿမိဳ႕နယ္ ပါဆမ္ရြာတြင္ ၂၀၁၉ စားသံုးသူကာကြယ္ေရးဥပေဒသစ္ အသိပညာေပးမႈႏွင့္ တိုင္းရင္းေဆးအခမဲ့ေဆးကုသမႈ ေဆာင္ရြက္
မေ 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း ကတ္ေတာင္ေက်းရြာအုပ္စု ပါဆမ္ရြာတြင္ စားသံုးသူေရးရာဦးစီးဌာန က ၂၀၁၉ စားသံုးသူကာကြယ္ေရး အသိပညာေပးျခင္းႏွင့္ တိုင္းရင္းေဆးရံုမွ ၀န္ထမ္းမ်ားက အခမဲ့ကုသေပးမႈကို ၂၀၁၉ ခုႏွစ္ ေမလ (၁၉) ရက္ေန႔တြင္ ကြင္းဆင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

"တိုင္းရင္းေဆးနဲ႔ ကြ်န္ေတာ္တို႔ဌာနနဲ႔ေပါင္းၿပီး ၂၀၁၉ ဥပေဒသစ္အရ ကုန္ညႊန္းအမွတ္အသားနဲ႔ပတ္သက္တာေတြ၊ စားသံုးသူကာကြယ္ေရးနဲ႔ပတ္သက္တာေတြ ေဟာေျပာပြဲလုပ္တယ္။ ၿပီးေတာ့ တိုင္းရင္းေဆးအခမဲ့ကုသေပးတာေပါ့။ ဒီဘက္ေဒသကတိုင္းရင္းသားေတြက ေဟာေျပာပြဲတို႔ ဘာတို႔ဆိုရင္ မလာခ်င္ၾကဘူး။ ေဆးလည္း အခမဲ့ကုေပးတာတို႔၊ ေစ်းသည္ေတြကလည္း ဘာေတြကအႏၱရာယ္ရိွတယ္၊ ဘာေတြမွေရာင္းရမယ္ဆိုတာ သိသြားၿပီးေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ေရာက္လာတာေပါ့။ တိုင္းရင္းေဆးနဲ႔ေပါင္းၿပီး ခဏခဏ လာေပးပါဦးဆိုၿပီးေတာင္းဆိုလာတာေပါ့။ တစ္လကို (၂) ႀကိမ္ (၃) ႀကိမ္လုပ္သြားမွာေပါ့"ဟု က်ိဳင္းတံုခရိုင္စားသံုးသူေရးရာဦးစီးဌာနမွ ခရိုင္မွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

စားသံုးသူကာကြယ္ေရးအသိပညာေပးျခင္းႏွင့္ တိုင္းရင္းေဆးအခမဲ့ကုသေပးျခင္းတို႔ကို နံနက္ (၁၀) နာရီမွ ေန႔လည္ (၁၂) နာရီခြဲအထိ ေဆာင္ရြက္ခဲ့ၿပီး ေဒသခံျပည္သူ (၇၀) ဦးကို အခမဲ့ေဆးကုသေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စားသုံးသူေရးရာ က်ိဳင္းတုံ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကတ်တောင်ကျေးရွာအုပ်စု ပါဆမ်ရွာတွင် စားသုံးသူရေးရာဦးစီးဌာန က ၂၀၁၉ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများက အခမဲ့ကုသပေးမှုကို ၂၀၁၉ ခုနှစ် မေလ (၁၉) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"တိုင်းရင်းဆေးနဲ့ ကျွန်တော်တို့ဌာနနဲ့ပေါင်းပြီး ၂၀၁၉ ဥပဒေသစ်အရ ကုန်ညွှန်းအမှတ်အသားနဲ့ပတ်သက်တာတွေ၊ စားသုံးသူကာကွယ်ရေးနဲ့ပတ်သက်တာတွေ ဟောပြောပွဲလုပ်တယ်။ ပြီးတော့ တိုင်းရင်းဆေးအခမဲ့ကုသပေးတာပေါ့။ ဒီဘက်ဒေသကတိုင်းရင်းသားတွေက ဟောပြောပွဲတို့ ဘာတို့ဆိုရင် မလာချင်ကြဘူး။ ဆေးလည်း အခမဲ့ကုပေးတာတို့၊ ဈေးသည်တွေကလည်း ဘာတွေကအန္တရာယ်ရှိတယ်၊ ဘာတွေမှရောင်းရမယ်ဆိုတာ သိသွားပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာတာပေါ့။ တိုင်းရင်းဆေးနဲ့ပေါင်းပြီး ခဏခဏ လာပေးပါဦးဆိုပြီးတောင်းဆိုလာတာပေါ့။ တစ်လကို (၂) ကြိမ် (၃) ကြိမ်လုပ်သွားမှာပေါ့"ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်မှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် တိုင်းရင်းဆေးအခမဲ့ကုသပေးခြင်းတို့ကို နံနက် (၁၀) နာရီမှ နေ့လည် (၁၂) နာရီခွဲအထိ ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူ (၇၀) ဦးကို အခမဲ့ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net