တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၄၁)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၄၁)ဦး ထပ်တိုး
ဇူလိုင် 30, 2021 | Covid-19| ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရထားရသူ (၄၁)ဦး ထပ်တိုးကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 သံသယရှိသူများကို ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် တစ်ဦးလျှင် ကျပ်(၁၀,၀၀၀)နှုန်းဖြင့် နေ့စဉ် စစ်ဆေးပေးနေရာ တစ်နေ့လျှင် Covid-19 ကူးစက်ခံထားရသူ အနည်းဆုံး (၁၅)ဦးအထက် စစ်ဆေးတွေ့ရှိနေရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့ကစ၍ ဇူလိုင်လ(၃၀)ရက်နေ့ ညနေအထိ Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ သေဆုံးမှုအဖြစ် (၇)ဦး ရှိလာပြီး ဇွန်လ(၂၈)ရက်နေ့မှစ၍ ယနေ့အထိ Covid-19 ကူးစက်ခံရသူမှာလည်း (၁,၂၅၀)ကျော်ရှိကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၆၀၀)နီးပါးအထိ ရှိကြောင်း သိရသည်။