ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁၄)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၉၀)ဦးတွေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁၄)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၉၀)ဦးတွေ့
ဒီဇင်ဘာ 6, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁၄)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၉၀)ဦးတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းယောင်း၌ COVID 19 ဒေသတွင်းကူးစက်မှု တွေ့လာရပြီး  ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၌ အတည်ပြုလူနာ (၈) ဦးထပ်တိုးတွေ့ရသဖြင့် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၆)ရက်နေ့အထိ ရက်ပေါင်း (၁၄)ရက်အတွင်း စုစုပေါင်း အတည်ပြုလူနာ (၉၀)ဦးရှိလာပြီ ဖြစ်သည်။
အတည်ပြုလူနာများအနက် ဒီဇင်ဘာလ (၆) ရက်နေ့အထိ ဆေးရုံဆင်းလူနာ (၄)ဦးရှိပြီဖြစ်၍ ကုသမှုခံယူဆဲလူနာ (၈၆)ဦးသာကျန်ရှိပြီး ကျိုင်းတုံပြည်သူ့ဆေးရုံ၌ (၁)ဦး၊ မိုင်းတုံပြည်သူ့ဆေးရုံ၌ (၄)ဦး၊ မိုင်းယောင်းပြည်သူ့ဆေးရုံ၌ (၇) ဦး၊ မိုင်းပျဉ်းပြည်သူ့ဆေးရုံ၌ (၁)ဦး၊ မိုင်းဖြတ်ပြည်သူ့ဆေးရုံ၌ (၃) ဦးနှင့် တာချီလိတ်ပြည်သူ့ဆေးရုံ၌ (၇၀) ဦးရှိနေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဒေသတွင်းကူးစက်မှု စတင်တွေ့ချိန်မှစ၍ နေ့စဉ် အတည်ပြုလူနာဦးရေ တိုးလာနေရာ ဒီဇင်ဘာလ (၆) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၉၀) ဦးတွေ့ရှိထားပြီး ကုသမှုခံယူဆဲ အတည်ပြုလူနာ (၈၆) ဦးရှိနေခြင်းဖြစ်သည်။
လက်ရှိကုသမှုခံယူနေသည့် အတည်ပြုလူနာ (၈၆) ဦးတွင် အခြားဒေသမှလာ၍ အသွားအလာကန့်သတ်ပြီး စစ်ဆေးရာမှ ပိုးတွေ့ရသူ (၆)ဦးပါဝင်ပြီး ကျန် (၈၀)ဦးမှာ ဒေသတွင်းကူးစက်မှုအဖြစ် တွေ့ရသည့် လူနာများဖြစ်သည်။
တာချီလိတ်မြို့တွင် တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၇၄)ဦးတွင် (၂)ဦးမှာ အနံ့ပျောက်၍ စစ်ဆေးရာမှ ပိုးတွေ့သည့် လူနာများဖြစ်ပြီး ကျန်ရှိသည့် လူနာများမှာ မိမိဆန္ဒအလျောက် လာရောက်စစ်ဆေးခံယူသူများနှင့် Quarantine ထားသူတို့  ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~