တာချီလိတ်တွင် ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်နေ

တာချီလိတ်တွင် ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်နေ
ဒီဇင်ဘာ 25, 2019
By Tachileik News Agency
တာချီလိတ်တွင် ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အတွက်  ပြင်ဆင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၁၁) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ဟုတ်တက်ခန်းမ၌ နှစ်ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်၍ ဒေသအသီးသီးမှ ကရင်တိုင်းရင်းသားများ တက်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက် (၇)နာရီတိတိ၌ ကရင်အမျိုးသားအလံတော် လွှင့်တင်ခြင်းဖြင့် စတင်ဖွင့်လှည်မည်ဖြစ်ပြီး ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ကရင်ရိုးရာအစားအသောက်များဖြင့် ကျွေးမွေးခြင်းတို့ဖြင့် အခမ်းအနားကို နေ့လယ် (၁၂)နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကရင်တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေမှုကို ည (၆)နာရီမှ (၁၀)နာရီအထိ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ငှက်ပျောခြံတွင် နှစ်စဉ်ကျင်းပလာခဲ့ရာမှ ယခုနှစ်တွင် မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ  ဟုတ်တက်ခန်းမသို့ ပြောင်းရွှေ့ကျင်းပလာခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~