ျမန္မာဘက္ကို အသိမေပးဘဲ မယ္ဆုိင္ဘက္မွ ေရသြယ္ေျမာင္းမ်ား တူးေဖၚမႈေၾကာင့္ ႏွစ္ႏုိင္ငံ နယ္နိမိတ္ေခ်ာင္းအတြင္း ပထမဆံုးအႀကိမ္ ေရခန္းေျခာက္မႈႏွင့္ႀကံဳေနရ

ျမန္မာဘက္ကို အသိမေပးဘဲ မယ္ဆုိင္ဘက္မွ ေရသြယ္ေျမာင္းမ်ား တူးေဖၚမႈေၾကာင့္ ႏွစ္ႏုိင္ငံ နယ္နိမိတ္ေခ်ာင္းအတြင္း ပထမဆံုးအႀကိမ္ ေရခန္းေျခာက္မႈႏွင့္ႀကံဳေနရ
မေ 25, 2019
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္၊ တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းေရကို ထုိင္းနိုင္ငံက တရားမဝင္ ေရသြယ္ေျမာင္းလုပ္ သြယ္တန္း ရယူထားသျဖင့္ မယ္ဆုိင္ေခ်ာင္းအတြင္း ေရခန္းေျခာက္မႈႏွင့္ ပထမဆံုးအႀကိမ္ ႀကံဳေတြ႔ေနရ၍ တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားက ႏွစ္ႏုိင္ငံနယ္ျခားေကာ္မတီ(TBC)မွတစ္ဆင့္ ကန္႔ကြက္ရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အပတ္စဥ္စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္မႈအစီအစဥ္ျဖင့္ ၂၀၁၉ ခုႏွစ္ ေမလ (၂၅) ရက္ေန႔က ဆန္ဆိုင္း(ခ) ရပ္ကြက္ရိွ မယ္ဆိုင္ေခ်ာင္းတြင္းသန္႔ရွင္းေရးေဆာင္ရြက္ရာ ေခ်ာင္းတြင္းေရစီးဆင္းမႈ မရိွေတာ့သည္ကို ေတြ႔ရသျဖင့္ သက္ဆိုင္ရာတာ၀န္ရွိသူမ်ားႏွင့္ အဖြဲ႕မွ ေခ်ာင္းတစ္ေလွ်ာက္ လိုက္လံၾကည့္႐ႈရာ ဆန္ဆိုင္း(ခ) ျပည္သူ႔စစ္စခန္းေနာက္ေက်ာဘက္တြင္ ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္မွ ေရသြယ္ေျမာင္းတြင္ ေရထိန္းတံခါးတပ္ဆင္ၿပီး ေရသြယ္ယူထားသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီဘက္မွာ ေရလံုးဝမေရာက္ဘူး။ စစ္ၾကည့္ေတာ့ ထိုင္းဘက္က ေရထိန္းတံခါးလုပ္ၿပီး ဟိုဘက္ကို ယူထားတဲ့ အေနအထားေတြ႕ရတယ္။ သက္ဆိုင္ရာနယ္ျခားေကာ္မတီကေန တစ္ဆင့္တင္ျပသြားမယ္။ လူအင္အားနဲ႔လုပ္လို႔ရတဲ့ အေနအထားမရိွဘူး။ စက္ယႏၲယားနဲ႔ ကြၽန္ေတာ္တို႔ဘက္က ေရလမ္းေၾကာင္းေကာင္းေအာင္ တူးေဖာ္သင့္တာေပါ့။ သက္ဆိုင္တဲ့ အဖြဲ႕အစည္းေတြကလည္း မယ္ဆိုင္ေခ်ာင္းတစ္ေလ်ာက္ လိုက္ၾကည့္သင့္တာေပါ့"ဟု ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ဆိုင္ေခ်ာင္းအတြင္း ေျမထိန္းနံရံတည္ေဆာက္ေနသည့္ သတင္းအရ ၂၀၁၉ခုႏွစ္ ေမလ (၉) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားက ၾကည့္ရႈစစ္ေဆးရာ မယ္ဆိုင္ဘက္ျခမ္းက ေျမထိန္းနံရံအျပင္ ေရသြယ္ေျမာင္း (၂)ခုကိုပါ ျမန္မာဘက္ကို အသိမေပးဘဲသြယ္တန္းထားသျဖင့္ ေခ်ာင္းအတြင္း ေရစီးဝင္မႈမရိွေတာ့သည္ကို စစ္ေဆးေတြ႔ရိွခဲ့ရျခင္းျဖစ္သည္။

ႏွစ္ႏိုင္ငံနယ္နမိတ္ေခ်ာင္းအတြင္း ေရစီးဝင္မႈ မရိွေတာ့ဘဲ အမိႈက္မ်ားစုပံုေနသျဖင့္ ေမလ (၁၁) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားႏွင့္ လူမႈအဖြဲ႕အစည္းမ်ား၊ ေဒသခံမ်ားပူးေပါင္းပါဝင္သည့္အဖဲြ႕ျဖင့္ ေခ်ာင္းတြင္းသန္႔ရွင္းေရးႏွင့္ ေရသြယ္ေျမာင္း (၂) ေျမာင္းအနီး မယ္ဆုိင္ေခ်ာင္းအတြင္း ဘတ္ဟိုးယာဥ္ျဖင့္ ေခ်ာင္းတြင္းေရစီးဆင္းေစရန္ ေျမာင္းေဖာ္ခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ေမလ (၁၈) ရက္ေန႔တြင္ ေခ်ာင္းတြင္းသန္႔ရွင္းေရးျပဳလုပ္ျခင္းႏွင့္ လဲက်သစ္ပင္မ်ား ရွင္းလင္းထားခဲ့ၿပီးေနာက္ ေမလ (၂၅)ရက္ေန႔တြင္ တာခ်ီလိတ္ဘက္ျခမ္းက မယ္ဆိုင္ေခ်ာင္း သန္႔ရွင္းေရးျပဳလုပ္စဥ္ မယ္ဆုိင္ဘက္က ေရသြယ္ေျမာင္း (၁) ခုကို အသိမေပးဘဲ ထပ္မံျပဳလုပ္ထားသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္ တာခ်ီလိတ္ကို ေရာက္လာတာ (၂၅)ႏွစ္ေလာက္ရွိၿပီ အခုလို မယ္ဆိုင္ေခ်ာင္းထဲ ေရလံုး၀မရွိလုနီးပါး ျဖစ္သြားတာကို ေတြ႔ရတာ တကယ္ကို အံ့ၾသမိတယ္၊ ျမန္မာ - ထိုင္း တာ၀န္ရွိသူေတြလည္း ဒီကိစၥ အျမန္လႈပ္ရွားသင့္ပါတယ္"ဟု ဆန္ဆိုင္းရပ္ကြက္တြင္းေန ကိုျမင့္ႀကိဳင္က ေျပာသည္။

ေရရယူအသံုးျပဳျခင္း၊ ေျမထိန္းနံရံျပဳလုပ္ျခင္းစသည့္ ႏွစ္ႏုိင္ငံနယ္နိမိတ္ေခ်ာင္းႏွင့္ ပတ္သက္၍ လုပ္ေဆာင္မႈမ်ားေၾကာင့္ နယ္နိမိတ္ မဆံုးရံႈးေစေရးအတြက္ ႏွစ္ႏုိင္ငံတရားဝင္အသိေပး သေဘာတူညီခ်က္ျဖင့္သာ ေဆာင္ရြက္ခြင့္ရိွျခင္းျဖစ္ေသာ္လည္း တာခ်ီလိတ္ႏွင့္ မယ္ဆုိင္ၾကားရိွ မယ္ဆုိင္ေခ်ာင္းတြင္ ေႏြရာသီကာလအတြင္း မယ္ဆိုင္လယ္သမားမ်ားက နည္းမ်ိဳးစံုျဖင့္ ေရရယူျခင္းကို တရားဝင္အသိမေပးဘဲ ေဆာင္ရြက္ျခင္းမ်ားကို ႏွစ္စဥ္ႀကံဳေတြ႔ေနရျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေကို ထိုင်းနိုင်ငံက တရားမဝင် ရေသွယ်မြောင်းလုပ် သွယ်တန်း ရယူထားသဖြင့် မယ်ဆိုင်ချောင်းအတွင်း ရေခန်းခြောက်မှုနှင့် ပထမဆုံးအကြိမ် ကြုံတွေ့နေရ၍ တာချီလိတ်မြို့မှ တာဝန်ရှိသူများက နှစ်နိုင်ငံနယ်ခြားကော်မတီ(TBC)မှတစ်ဆင့် ကန့်ကွက်ရန်ပြင်ဆင်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မှုအစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ် မေလ (၂၅) ရက်နေ့က ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းတွင်းသန့်ရှင်းရေးဆောင်ရွက်ရာ ချောင်းတွင်းရေစီးဆင်းမှု မရှိတော့သည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့မှ ချောင်းတစ်လျှောက် လိုက်လံကြည့်ရှုရာ ဆန်ဆိုင်း(ခ) ပြည်သူ့စစ်စခန်းနောက်ကျောဘက်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ ရေသွယ်မြောင်းတွင် ရေထိန်းတံခါးတပ်ဆင်ပြီး ရေသွယ်ယူထားသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

"ဒီဘက်မှာ ရေလုံးဝမရောက်ဘူး။ စစ်ကြည့်တော့ ထိုင်းဘက်က ရေထိန်းတံခါးလုပ်ပြီး ဟိုဘက်ကို ယူထားတဲ့ အနေအထားတွေ့ရတယ်။ သက်ဆိုင်ရာနယ်ခြားကော်မတီကနေ တစ်ဆင့်တင်ပြသွားမယ်။ လူအင်အားနဲ့လုပ်လို့ရတဲ့ အနေအထားမရှိဘူး။ စက်ယန္တယားနဲ့ ကျွန်တော်တို့ဘက်က ရေလမ်းကြောင်းကောင်းအောင် တူးဖော်သင့်တာပေါ့။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကလည်း မယ်ဆိုင်ချောင်းတစ်လျောက် လိုက်ကြည့်သင့်တာပေါ့"ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ချောင်းအတွင်း မြေထိန်းနံရံတည်ဆောက်နေသည့် သတင်းအရ ၂၀၁၉ခုနှစ် မေလ (၉) ရက်နေ့က တာချီလိတ်မြို့မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ မယ်ဆိုင်ဘက်ခြမ်းက မြေထိန်းနံရံအပြင် ရေသွယ်မြောင်း (၂)ခုကိုပါ မြန်မာဘက်ကို အသိမပေးဘဲသွယ်တန်းထားသဖြင့် ချောင်းအတွင်း ရေစီးဝင်မှုမရှိတော့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်နမိတ်ချောင်းအတွင်း ရေစီးဝင်မှု မရှိတော့ဘဲ အမှိုက်များစုပုံနေသဖြင့် မေလ (၁၁) ရက်နေ့က တာချီလိတ်မြို့မှ တာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ချောင်းတွင်းသန့်ရှင်းရေးနှင့် ရေသွယ်မြောင်း (၂) မြောင်းအနီး မယ်ဆိုင်ချောင်းအတွင်း ဘတ်ဟိုးယာဉ်ဖြင့် ချောင်းတွင်းရေစီးဆင်းစေရန် မြောင်းဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မေလ (၁၈) ရက်နေ့တွင် ချောင်းတွင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် လဲကျသစ်ပင်များ ရှင်းလင်းထားခဲ့ပြီးနောက် မေလ (၂၅)ရက်နေ့တွင် တာချီလိတ်ဘက်ခြမ်းက မယ်ဆိုင်ချောင်း သန့်ရှင်းရေးပြုလုပ်စဉ် မယ်ဆိုင်ဘက်က ရေသွယ်မြောင်း (၁) ခုကို အသိမပေးဘဲ ထပ်မံပြုလုပ်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော် တာချီလိတ်ကို ရောက်လာတာ (၂၅)နှစ်လောက်ရှိပြီ အခုလို မယ်ဆိုင်ချောင်းထဲ ရေလုံးဝမရှိလုနီးပါး ဖြစ်သွားတာကို တွေ့ရတာ တကယ်ကို အံ့သြမိတယ်၊ မြန်မာ - ထိုင်း တာဝန်ရှိသူတွေလည်း ဒီကိစ္စ အမြန်လှုပ်ရှားသင့်ပါတယ်"ဟု ဆန်ဆိုင်းရပ်ကွက်တွင်းနေ ကိုမြင့်ကြိုင်က ပြောသည်။

ရေရယူအသုံးပြုခြင်း၊ မြေထိန်းနံရံပြုလုပ်ခြင်းစသည့် နှစ်နိုင်ငံနယ်နိမိတ်ချောင်းနှင့် ပတ်သက်၍ လုပ်ဆောင်မှုများကြောင့် နယ်နိမိတ် မဆုံးရှုံးစေရေးအတွက် နှစ်နိုင်ငံတရားဝင်အသိပေး သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိခြင်းဖြစ်သော်လည်း တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းတွင် နွေရာသီကာလအတွင်း မယ်ဆိုင်လယ်သမားများက နည်းမျိုးစုံဖြင့် ရေရယူခြင်းကို တရားဝင်အသိမပေးဘဲ ဆောင်ရွက်ခြင်းများကို နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net