တာချီလိတ်မြို့နယ်အတွင်း ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်ပေါင်း (၁၂၀၀)ကျော် စိုက်ပျိုး

တာချီလိတ်မြို့နယ်အတွင်း ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်ပေါင်း (၁၂၀၀)ကျော် စိုက်ပျိုး
ဇူလိုင် 4, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်ပေါင်း (၁၂၀၀)ကျော် စိုက်ပျိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ပျိုးပင်ပေါင်း (၁,၂၂၄)ပင်ကို ဇူလိုင်(၄)ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ်သစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနက နေရာ နှစ်နေရာတွင်စိုက်ပျိုးခဲ့ကြောင်း  သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနက  ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့မဘိနယ်အတွင်း ဆေခမ်းရပ်ကွက် လေယာဉ်ကွင်းဘုန်းတော်ကြီးကျောင်းတွင် ကျွန်းပင်များ နှင့် အခြားပျိုးပင် စုစုပေါင်း (၁၄၄)ပင် နှင့် မိုင်းဖုန်းဘိနယ်အတွင်းရှိ ဆီဝမ်းထောင်းကျေးရွာ၊ ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်း ကျွန်းပင်နှင့် အခြားပျိုးပင် စုစုပေါင်း (၁၀၈၀)ပင်အား စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက်နေ့ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်အတွင်း လွန်းကျိုင်းကျေးရွာ၊ မိုင်းဖုန်းဆရာတော်၏ ပန်းခြံအတွင်းစိုက်ပျိုးခဲ့သည့် ကျွန်းနှင့်အခြားပျိုးပင် (၆,၀၀၀)အား ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းမှာပင် ပေါင်းရှင်းခါးခွ၊ ပင်ပူးခွာကိုင်းချိုင်ခြင်းအား  ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းအင်အားဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~