တာချီလိတ်မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး ဈေးကော်မတီ နှင့် စည်ပင် ပူးပေါင်းကြပ်ဖို့လို

တာချီလိတ်မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး ဈေးကော်မတီ နှင့် စည်ပင် ပူးပေါင်းကြပ်ဖို့လို
ဇန်နဝါရီ 8, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး ဈေးကော်မတီ နှင့် စည်ပင် ပူးပေါင်းကြပ်ဖို့လို

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဝမ်ကောင်းဈေးလို့ ခေါ်တဲ့ မြို့မဈေးအဝင်မှာရှိတဲ့ ဖုန်းကာဗာနဲ့ ဆက်စပ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့ ည (၆)နာရီကျော်ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒီမီးလောင်မှုက ဈေးကော်မတီနဲ့ စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းကြပ်မတ်ဖို့ လိုပြီဆိုတာကို အချက်ပေးလိုက်သလိုဖြစ်ကြောင်း  ဈေးကော်မတီဥက္ကဌ ဦးဇော်မြင့်ကပြောပါတယ်။

မီးသတ်ဆေးဘူးတွေကို အလွယ်တကူရယူနိုင်တဲ့နေရာတွေမှာ ထားဖို့လိုအပ်သလို ဈေးပိတ်ချိန်တွေမှာ မီးပိတ်ဖို့ လိုက်လံဆော်ကြပေးဖို့လိုတယ်လို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုကပြောပါတယ်။

တာချီလိတ်မြို့မဈေးကို အဆင့်မြှင့်တင်လိုက်ပီးနောက်မှာတော့ အခု မီးလောင်မှုဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပီး ဈေးအတွင်း မီးပေါ့ဆမှုတွေ မဖြစ်ပွားစေဖို့ စည်ပင်နဲ့ဈေးကော်မတီက လိုက်လံဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်၊

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~