NRPC၊ ကယားျပည္နယ္အစိုးရအဖြဲ႔ ႏွင့္ KNPPတို႔ လြိဳင္ေကာ္ၿမိဳ႕တြင္ ေဆြးေႏြးေန

NRPC၊ ကယားျပည္နယ္အစိုးရအဖြဲ႔ ႏွင့္ KNPPတို႔ လြိဳင္ေကာ္ၿမိဳ႕တြင္ ေဆြးေႏြးေန
မေ 6, 2019
By Tachileik News Agency

အမ်ိဳးသားျပန္​လည္​သင္​့ျမတ္​​ေရးႏွင္​့ၿငိမ္​းခ်မ္​း​ေရးဗဟိုဌာန(NRPC)၊ ကယားျပည္​နယ္​အစိုးရအဖြဲ႔ ႏွင္​့ KNPP တို႔၏ ညိႇႏိႈင္​းအစည္​းအ​ေဝးအား ၂၀၁၉ခုႏွစ္ ​ေမလ (၆)ရက္​​ေန႔ နံနက္(၁၀)နာရီကစ၍ လြိုင္ေကာ္ၿမိဳ႕ရွိ ​လိြဳင္​​ေကာ္​ၿမိဳ႕ Famous hotel တြင္​ က်င္းပျပဳလုပ္ေနလ်က္ရွိသည္။

ေဆြးေႏြးပြဲတြင္ အမ်ိဳးသားျပန္​လည္​သင္​့ျမတ္​​ေရးႏွင္​့ၿငိမ္းခ်မ္​း​ေရး ဗဟိုဌာနမွ အတြင္​း​ေရးမွဴး ဦးခင္​​ေဇာ္​ဦး ကယားျပည္​နယ္​အစိုးရအဖြဲ႔မွ ဝန္​ႀကီးခ်ဳပ္​ ဦးအယ္​လ္​​ေဖာင္​း႐ႈိ ႏွင္​့  ကရင္​နီအမ်ိဳးသား တိုးတတ္​​ေရးပါတီ မွ ဒုဥကၠဌ ခူးဦးရယ္​တို႔က ဦး​ေဆာင္​၍ ​ေဆြး​ေႏြးၾကမည္​ ျဖစ္​​ေၾကာင္​းသိရသည္​။

ယေန႔ ေတြ႔ဆံုေဆြးေႏြးပြဲတြင္ ကယားျပည္​နယ္​အစိုးရႏွင္​့ ကရင္​နီအမ်ိဳးသား တိုးတတ္​​ေရးပါတီတို႔၏ ျပည္​နယ္​အဆင္​့ လစဥ္​ပုံမွန္​​ေတြ႔ဆုံ ​ေဆြး​ေႏြးပြဲ၏ အဆက္​​ေဆြး​ေႏြးပြဲသာျဖစ္​ၿပီး ​ေခါင္​းစဥ္​ သုံးခု​ေပၚသာ အ​ေျခခံ၍ ​ေဆြး​ေႏြးသြားမွာ ျဖစ္​​ေၾကာင္​း KNPP ဒုဥကၠဌ ခူးဦးရယ္​ က​ ေဆြး​ေႏြပြဲ အဖြင္​့အမွာ စကားတြင္​​ေျပာၾကားခဲ့သည္​။

"ဒီ​ေန႔​ေဆြး​ေႏြးပြဲမွာက​ေတာ့ က႑သုံခု​ေလးကိုပဲ ​ေဆြး​ေႏြးဖို႔ ျပင္​ဆင္​ထားပါတယ္​ ။ ဒါက​ေတာ့ အပစ္​ခတ္​ရပ္​စဲ​ေရး ကာလမွာ ကြၽန္​​ေတာ္​တို႔ ၿငိမ္​းခ်မ္​း​ေရး​ေဖာ္​​ေဆာင္​မႈအဆင္​့(၄)အဆုံး မ​ေရာက္​ခင္​မွာ ၾကားကာလအစီစဥ္​ သ​ေဘာမ်ိဳးအ​ေနနဲ႔ ၾကားကာလ အစီအစဥ္​ကို စဥ္​စားၿပီး​ေတာ့ ပညာ​ေရး ၊ က်န္​းမာ​ေရး ၊ ဖြံ႔ၿဖိဳး​ေရးလုပ္​ငန္​း​ေတြကို သက္​ဆိုင္​ရာ ကိုယ္​စားလွယ္​မ်ား က​ေန ျပည္​နယ္​အစိုးရ တာဝန္​႐ွိသူ​ေတြနဲ႔ ညိႇႏိႈင္​း အ​ေျဖ႐ွာၾကဖို႔ျဖစ္​ပါတယ္​" ဟု ​KNPP ဒုဥကၠဌ ခူးဦးရယ္က အဖြင္​့အမွာစကားတြင္​ ​ေျပာၾကားထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။

ျပည္​နယ္​အစိုးရ အ​ေနျဖင္​့ ၿငိမ္​းခ်မ္​း​ေရး ႏွင္​့ျပဳျပင္​​ေျပာင္​းလဲ​ေရး က႑မ်ားတြင္​ ျပည္​နယ္​တြင္​း တိုင္​းရင္​းသား လက္​နက္​ကိုင္​အဖြဲ႔မ်ားအား စီးပြား​ေရး ၊ ဖြံ႕ၿဖိဳး​ေရးမ်ားကို မူ​ေဘာင္​မ်ား ႏွင္​့အညီ ျပဳလုပ္​​ေပးလွ်က္​႐ွိသလို ၿငိမ္​းခ်မ္​း​ေရး​ေဆြး​ေႏြးမႈမ်ားတြင္​လည္း အနာဂတ္​ျပည္​သူမ်ား၏ အ​ေရးအား လုပ္​​ေပးခ်င္​သည္​့ စိတ္​​ေစတနာ ထား​၍ အ​ေျဖမ်ား ရ႐ွိ​ေအာင္​ လုပ္​​ေဆာင္​ဖို႔ လိုအပ္​​ေၾကာင္​း ကယားျပည္​နယ္​အစိုးရအဖြဲ႔ ဝန္​ႀကီးခ်ဳပ္မွ အဖြင္​့အမွာစကားတြင္​ ​ေျပာၾကားခဲ့သည္​။

"ျပည္​နယ္​မွာ တစ္​ဆင္​့ခ်င္​းသြားလို႔ရတဲ့ က႑​ေတြအမ်ားအျပား ႐ွိပါတယ္​။ ဒီအ​ေပၚမွာ KNPP မွ ​ေခါင္​း​ေဆာင္​မ်ား အားလုံးအ​ေနနဲ႔ ​ေနာက္​ပိုင္​းမွာ ဒီထက္​ပိုမိုအား​ေကာင္​းတဲ့ ပူး​ေပါင္​း​ေဆာင္​ရြက္​မႈ​ေတြ ဒီထက္​ပိုမို မွန္​ကန္​စနစ္​က်တဲ့ တိတိက်က် လုပ္​မယ္​ဆို ကြၽန္​​ေတာ္​့အ​ေနနဲ႔ ​ေႏြး​ေထြးစြာ ႀကိဳဆိုပါတယ္​" ဟု ျပည္နယ္၀န္ႀကီးခ်ဳပ္က ​ေျပာသည္​။

တစ္​ႏိုင္​ငံလုံး အပစ္​ခက္​ရပ္​စဲ​ေရးစာခ်ဳပ္အား လက္​မွတ္​မ​ေရးထိုးႏိုင္​ခင္​ ၾကားကာတြင္​  ​ ျပည္​နယ္​တြင္​း ျဖစ္​စဥ္​မ်ား​ေပၚ အ​ေျခခံကာ က႑ႏွစ္​ပိုင္​းခြဲ၍ ျပည္​နယ္​အစိုးရႏွင္​့ ​ေဆြး​ေႏြးရမည္​့ ကိစၥ​ရပ္​မ်ားအား ယ​ေန႔ ျပဳလုပ္​သည္​့ ညိႇႏိႈင္​းအစည္​း​ေဝးတြင္​ ​ေဆြး​ေႏြးသြားမည္ျဖစ္​ၿပီး တပ္​ပိုင္​းဆိုင္​ရာကိစၥရပ္​​မ်ားအား တပ္​မ​ေတာ္​ တာဝန္​႐ွိသူ​မ်ားႏွင္​့ တသီးတသန္​႔ ​ေဆြး​ေႏြးသြာားမည္ ျဖစ္​​ေၾကာင္​း KNPP ဘက္​မွ ​ေျပာၾကားထားသည္​။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမျိုးသားပြန်​လည်​သင်​့မြတ်​​ရေးနှင်​့ငြိမ်​းချမ်​း​ရေးဗဟိုဌာန(NRPC)၊ ကယားပြည်​နယ်​အစိုးရအဖွဲ့ နှင်​့ KNPP တို့၏ ညှိနှိုင်​းအစည်​းအ​ဝေးအား ၂၀၁၉ခုနှစ် ​မေလ (၆)ရက်​​နေ့ နံနက်(၁၀)နာရီကစ၍ လွိုင်ကော်မြို့ရှိ ​လွိုင်​​ကော်​မြို့ Famous hotel တွင်​ ကျင်းပပြုလုပ်နေလျက်ရှိသည်။

ဆွေးနွေးပွဲတွင် အမျိုးသားပြန်​လည်​သင်​့မြတ်​​ရေးနှင်​့ငြိမ်းချမ်​း​ရေး ဗဟိုဌာနမှ အတွင်​း​ရေးမှူး ဦးခင်​​ဇော်​ဦး ကယားပြည်​နယ်​အစိုးရအဖွဲ့မှ ဝန်​ကြီးချုပ်​ ဦးအယ်​လ်​​ဖောင်​းရှို နှင်​့ ကရင်​နီအမျိုးသား တိုးတတ်​​ရေးပါတီ မှ ဒုဥက္ကဌ ခူးဦးရယ်​တို့က ဦး​ဆောင်​၍ ​ဆွေး​နွေးကြမည်​ ဖြစ်​​ကြောင်​းသိရသည်​။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ကယားပြည်​နယ်​အစိုးရနှင်​့ ကရင်​နီအမျိုးသား တိုးတတ်​​ရေးပါတီတို့၏ ပြည်​နယ်​အဆင်​့ လစဉ်​ပုံမှန်​​တွေ့ဆုံ ​ဆွေး​နွေးပွဲ၏ အဆက်​​ဆွေး​နွေးပွဲသာဖြစ်​ပြီး ​ခေါင်​းစဉ်​ သုံးခု​ပေါ်သာ အ​ခြေခံ၍ ​ဆွေး​နွေးသွားမှာ ဖြစ်​​ကြောင်​း KNPP ဒုဥက္ကဌ ခူးဦးရယ်​ က​ ဆွေး​နွေပွဲ အဖွင်​့အမှာ စကားတွင်​​ပြောကြားခဲ့သည်​။

"ဒီ​နေ့​ဆွေး​နွေးပွဲမှာက​တော့ ကဏ္ဍသုံခု​လေးကိုပဲ ​ဆွေး​နွေးဖို့ ပြင်​ဆင်​ထားပါတယ်​။ ဒါက​တော့ အပစ်​ခတ်​ရပ်​စဲ​ရေး ကာလမှာ ကျွန်​​တော်​တို့ ငြိမ်​းချမ်​း​ရေး​ဖော်​​ဆောင်​မှုအဆင်​့(၄)အဆုံး မ​ရောက်​ခင်​မှာ ကြားကာလအစီစဉ်​ သ​ဘောမျိုးအ​နေနဲ့ ကြားကာလ အစီအစဉ်​ကို စဉ်​စားပြီး​တော့ ပညာ​ရေး၊ ကျန်​းမာ​ရေး၊ ဖွံ့ဖြိုး​ရေးလုပ်​ငန်​း​တွေကို သက်​ဆိုင်​ရာ ကိုယ်​စားလှယ်​များ က​နေ ပြည်​နယ်​အစိုးရ တာဝန်​ရှိသူ​တွေနဲ့ ညှိနှိုင်​း အ​ဖြေရှာကြဖို့ဖြစ်​ပါတယ်​" ဟု ​KNPP ဒုဥက္ကဌ ခူးဦးရယ်က အဖွင်​့အမှာစကားတွင်​ ​ပြောကြားထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်​နယ်​အစိုးရ အ​နဖြေင်​့ ငြိမ်​းချမ်​း​ရေး နှင်​့ပြုပြင်​​ပြောင်​းလဲ​ရေး ကဏ္ဍများတွင်​ ပြည်​နယ်​တွင်​း တိုင်​းရင်​းသား လက်​နက်​ကိုင်​အဖွဲ့များအား စီးပွား​ရေး၊ ဖွံ့ဖြိုး​ရေးများကို မူ​ဘောင်​များ နှင်​့အညီ ပြုလုပ်​​ပေးလျှက်​ရှိသလို ငြိမ်​းချမ်​း​ရေး​ဆွေး​နွေးမှုများတွင်​လည်း အနာဂတ်​ပြည်​သူများ၏ အ​ရေးအား လုပ်​​ပေးချင်​သည်​့ စိတ်​​စေတနာ ထား​၍ အ​ဖြေများ ရရှိ​အောင်​ လုပ်​​ဆောင်​ဖို့ လိုအပ်​​ကြောင်​း ကယားပြည်​နယ်​အစိုးရအဖွဲ့ ဝန်​ကြီးချုပ်မှ အဖွင်​့အမှာစကားတွင်​ ​ပြောကြားခဲ့သည်​။

"ပြည်​နယ်​မှာ တစ်​ဆင်​့ချင်​းသွားလို့ရတဲ့ ကဏ္ဍ​တွေအများအပြား ရှိပါတယ်​။ ဒီအ​ပေါ်မှာ KNPP မှ ​ခေါင်​း​ဆောင်​များ အားလုံးအ​နေနဲ့ ​နောက်​ပိုင်​းမှာ ဒီထက်​ပိုမိုအား​ကောင်​းတဲ့ ပူး​ပေါင်​း​ဆောင်​ရွက်​မှု​တွေ ဒီထက်​ပိုမို မှန်​ကန်​စနစ်​ကျတဲ့ တိတိကျကျ လုပ်​မယ်​ဆို ကျွန်​​တော်​့အ​နေနဲ့ ​နွေး​ထွေးစွာ ကြိုဆိုပါတယ်​" ဟု ပြည်နယ်ဝန်ကြီးချုပ်က ​ပြောသည်​။

တစ်​နိုင်​ငံလုံး အပစ်​ခက်​ရပ်​စဲ​ရေးစာချုပ်အား လက်​မှတ်​မ​ရေးထိုးနိုင်​ခင်​ ကြားကာတွင်​ ​ ပြည်​နယ်​တွင်​း ဖြစ်​စဉ်​များ​ပေါ် အ​ခြေခံကာ ကဏ္ဍနှစ်​ပိုင်​းခွဲ၍ ပြည်​နယ်​အစိုးရနှင်​့ ​ဆွေး​နွေးရမည်​့ ကိစ္စ​ရပ်​များအား ယ​နေ့ ပြုလုပ်​သည်​့ ညှိနှိုင်​းအစည်​း​ဝေးတွင်​ ​ဆွေး​နွေးသွားမည်ဖြစ်​ပြီး တပ်​ပိုင်​းဆိုင်​ရာကိစ္စရပ်​​များအား တပ်​မ​တော်​ တာဝန်​ရှိသူ​များနှင်​့ တသီးတသန်​့ ​ဆွေး​နွေးသွားမည် ဖြစ်​​ကြောင်​း KNPP ဘက်​မှ ​ပြောကြားထားသည်​။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net