ဒီးမော့ဆိုမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကြဲ၊ မူကြိုကျောင်း နှင့် နေအိမ်များ ထိမှန်

Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်
Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်
ဒီးမော့ဆိုမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကြဲ၊ မူကြိုကျောင်း နှင့် နေအိမ်များ ထိမှန်
ဖေဖော်ဝါရီ 27, 2022 | ကယား

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီတပ်က ယနေ့‌ဖေဖော်ဝါရီလ(၂၇)ရက်အကူး နံနက် (၁)နာရီ (၄၅)မိနစ် ဝန်းကျင်က ပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လာသည်။ 

လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့် (၈)ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် လူနေအိမ်(၅)လုံး၊ မူကြိုကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအပေါ် ဗုံးကြဲပစ်ခတ်မှု မှာ(၆)ကြိမ်၊ လက်နက်ကြီးဖြင့် (၃၅)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။