က်ပ္ (၂၃၅)သန္း ကုန္က်သည့္ ေဆာင္ကန္း - ေဆာ္ခီေဒါ ေက်ာက္ေခ်ာလမ္း (၃)မုိင္ စတင္ဖြင့္လွစ္

က်ပ္ (၂၃၅)သန္း ကုန္က်သည့္ ေဆာင္ကန္း - ေဆာ္ခီေဒါ ေက်ာက္ေခ်ာလမ္း (၃)မုိင္ စတင္ဖြင့္လွစ္
ဒီဇင်ဘာ 18, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္အတြင္း ဂ်ပန္အစိုးရႏွင့္ ျပည္သူမ်ား ေထာက္ပံ့ေငြ က်ပ္ (၂၃၅)သန္း ေက်ာ္ျဖင့္ တည္ေဆာက္ထားသည့္ ေဆာင္ကန္း - ေဆာ္ခီေဒါ လယ္ယာကုန္ထုတ္ ေက်ာက္ေခ်ာလမ္း အရွည္(၃)မုိင္ကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္ေန႔တြင္ စတင္ဖြင့္လွစ္လုိက္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ - မိုးၿဗဲ ကားလမ္းမႀကီးေဘးရွိ ေဆာင္ကန္းေက်းရြာမွ ေဆာ္ခီေဒါကို ဆက္သြယ္ထားသည့္ အဆိုပါ လမ္းပိုင္းတစ္ေလွ်ာက္ရိွ ေဒါလိုေရွး ေက်းရြာ ၊ ေဆာ္ခီေဒါေက်းရြာ ၊ ႏိုးကိုး ေက်းရြာမ်ားမွ လိြဳင္ေကာ္ - မိုးၿဗဲလမ္းမႀကီးသို႔ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းမွာ (၁၂)ေပအက်ယ္ႏွင့္ အရွည္ (၃)မိုင္ခန္႔ရိွၿပီး ရွိေသာ ၎လမ္းအား ဂ်ပန္အစိုးရ၏ ၂၀၁၆ - ၂၀၁၇ ခုႏွစ္၊ အေသးစားစီမံကိန္းမ်ား ေထာက္ပံ့ေရးအစီအစဥ္ကပံ့ပိုးမႈျဖင့္ ေက်းရြာလမ္း ျဖစ္ေျမာက္ေရး ေကာ္မတီက ဦးစီးေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္ေခ်ာလမ္းဖြင့္ပြဲကို ကယားျပည္နယ္အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီး ဦးေဘာ့စ္ကို၊ ဂ်ပန္သံ႐ံုးမွ Ms. Tomoko YOSHIHIRO တို႔က တက္ေရာက္ ၾကေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ေနာ္ေစး

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဂျပန်အစိုးရနှင့် ပြည်သူများ ထောက်ပံ့ငွေ ကျပ် (၂၃၅)သန်း ကျော်ဖြင့် တည်ဆောက်ထားသည့် ဆောင်ကန်း - ဆော်ခီဒေါ လယ်ယာကုန်ထုတ် ကျောက်ချောလမ်း အရှည်(၃)မိုင်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

လွိုင်ကော် - မိုးဗြဲ ကားလမ်းမကြီးဘေးရှိ ဆောင်ကန်းကျေးရွာမှ ဆော်ခီဒေါကို ဆက်သွယ်ထားသည့် အဆိုပါ လမ်းပိုင်းတစ်လျှောက်ရှိ ဒေါလိုရှေး ကျေးရွာ၊ ဆော်ခီဒေါကျေးရွာ၊ နိုးကိုး ကျေးရွာများမှ လွိုင်ကော် - မိုးဗြဲလမ်းမကြီးသို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းမှာ (၁၂)ပေအကျယ်နှင့် အရှည် (၃)မိုင်ခန့်ရှိပြီး ရှိသော၎င်းလမ်းအား ဂျပန်အစိုးရ၏ ၂၀၁၆ - ၂၀၁၇ ခုနှစ်၊ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ကပံ့ပိုးမှုဖြင့် ကျေးရွာလမ်း ဖြစ်မြောက်ရေး ကော်မတီက ဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်ချောလမ်းဖွင့်ပွဲကို ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ဂျပန်သံရုံးမှ Ms. Tomoko YOSHIHIRO တို့က တက်ရောက် ကြကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - နော်စေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~