ကယားပြည်နယ် လွိုင်ကော်တွင် ညီအစ်ကိုချင်းရန်ဖြစ်နေ၍ ဖခင်က ဓါးဖြင့် ထိုးမှုဖြစ်ပွား

ကယားပြည်နယ် လွိုင်ကော်တွင် ညီအစ်ကိုချင်းရန်ဖြစ်နေ၍ ဖခင်က ဓါးဖြင့် ထိုးမှုဖြစ်ပွား
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်တွင် ညီအစ်ကိုချင်းရန်ဖြစ်နေ၍ ဖခင်က ဓါးဖြင့် ထိုးမှုဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ညပိုင်းက ညီအစ်ကိုချင်း ရန်ဖြစ်သည့် သားဖြစ်သူကို ဖခင်က ဓါးဖြင့်ထိုးမှုဖြစ်ပွားကြောင်း သိရသည်။

လင်ဖုံလေးကျေးတွင် ဇန်နဝါရီလ (၃၁) ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်က အသက် (၁၈)နှစ်အရွယ် မောင်ကျော်နိုင်ဦးက ညီငယ်ဖြစ်သူကို တုတ်ဖြင့်ရိုက်သဖြင့် ဖခင်ဖြစ်သူ ဦးဘီးက နေအိမ်ပေါ်တက်လာပြီး ကျော်နိုင်ဦးကို ဂုတ်မှဆွဲဖမ်းကာ နောက်ကျောကို ဓါးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဓါးဖြင့်ထိုးခံရသည့် ကျော်နိုင်ဦးက နေအိမ်အောက်သို့ ဆင်းပြေးသွားရာ မိခင်ဖြစ်သူ ဒေါ်နန်းအောင်က သားအား လိုက်ခေါ်ရန် နေအိမ်အောက်သို့ ဆင်းလိုက်လာစဉ် ဦးဘီး၏ညီ ဦးလားက ဒေါ်နန်းအောင်အား တုတ်ဖြင့်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါးဖြင့်ထိုးခံရသည့် မောင်ကျော်နိုင်ဦးကို ဆေးရုံပို့ပေးရန် သူငယ်ချင်းများက ရွှေလွိုင်ကော်ပရဟိတ အသင်းအား ဆက်သွယ်အကူညီတောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါးဖြင့်ထိုးခံရမှုကြောင့် မောင်ကျော်နိုင်ဦးမှာ နောက်ကျောတွင် (၂)လက်မခန့် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး မိခင်ဖြစ်သူ ဒေါ်နန်းအောင်မှာ လက်တွင် ဒဏ်ရာအနည်းငယ်ရသွားကြောင်း သိရသည်။

မောင်ကျော်နိုင်ဦးအား ဓါးဖြင့်ထိုးခဲ့သည့် ဖခင်ဦးဘီး အပြင် ဒေါ်နန်းအောင်အား တုတ်ဖြင့်ရိုက်ခဲ့သည့် ဦးလားတို့အား လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၄၆/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၃/၁၄၄ တို့ဖြင့်အမှုဖွင့် ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~