တာချီလိတ်တွင် COVID-19 စောင့်ကြည့်သံသယလူနာတစ်ဦးအား တင်ဆောင်လာသည့် လူမှုရေးအသင်းပိုင် ယာဉ်ကို ကျန်းမာရေးက ပိုးသတ်ဆေးဖြန်းပေးထားရ

တာချီလိတ်တွင် COVID-19 စောင့်ကြည့်သံသယလူနာတစ်ဦးအား တင်ဆောင်လာသည့် လူမှုရေးအသင်းပိုင် ယာဉ်ကို ကျန်းမာရေးက ပိုးသတ်ဆေးဖြန်းပေးထားရ
မတ် 25, 2020
By Tachileik News Agency

တာချီလိတ်တွင် COVID-19 စောင့်ကြည့်သံသယလူနာတစ်ဦးအား တင်ဆောင်လာသည့် လူမှုရေးအသင်းပိုင် ယာဉ်ကို ကျန်းမာရေးက ပိုးသတ်ဆေးဖြန်းပေးထားရ

တာချီလိတ်တွင် မတ်လ(၂၄)ရက်နေ့က COVID-19 စောင့်ကြည့်သံသယလူနာတစ်ဦးအား တင်ဆောင်ခဲ့သည့် မဇ္ဈိမလူမှုကူညီရေးအသင်း၏ ယာဉ်ကို ကျန်းမာရေးက ပိုးသတ်ဆေးဖြန်းပေးထားရသည်။

ထိုင်းနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၉၂)ဦးကို ထိုင်းဘက်က တာချီလိတ်သို့ မတ်လ(၂၃)ရက်နေ့က လွှဲပြောင်းပေးလာရာတွင် (၉၂)ဉီးတွင် ကိုယ်အပူချိန်မြင့်ပြီး နေမကောင်းသည့် (၁၁)ဦးကို စစ်ဆေးတွေ့ရှိရသည့်အတွက် ကျန်းမာရေးက (၁၁)ဦးအား COVID-19 စောင့်ကြည့်သံသယလူနာအဖြစ် တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးထားရသည်။

ကျန်ရှိသည့် (၈၁)ဦးကိုလည်း တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် (၁၄)ရက် သတ်မှတ်ကာ စောင့်ကြည့်ပေးထားချိန်တွင် မတ်လ(၂၄)ရက်နေ့က ကိုယ်အပူချိန်တိုင်းတာချက်အရ အမျိုးသားတစ်ဦးမှာ ကိုယ်အပူချိန်အနည်းငယ်မြင့်နေ၍ စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ နောက်တိုး စောင့်ကြည့်သံသယလူနာတစ်ဦးအား မဇ္ဈိမလူမှုကူညီရေးအသင်းက အသင်းပိုင် ယာဉ်ဖြင့် အမြန်ဆုံး ရိပ်သာကနေ ခေါ်ဆောင်ခဲ့လာရသည့်အတွက် ရောဂါပိုးကင်းရှင်းရန်  ယာဉ်အား ကျန်းမာရေးက မတ်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ပိုးသတ်ဆေးဖြန်းထားပေးရခြင်းဖြစ်ပြီး ဆေးခြောက်သွားမှသာ ယာဉ်ကို မောင်းရမည်ဖြစ်သည့်အတွက် ဆေးရုံဟောင်းတွင် ယာဉ်အား ထားရှိသည်။

COVID-19 ရောဂါသည် ကူးစက်မြန်သည့်အတွက်ကြောင့် စောင့်ကြည့် သံသယလူနာများ တင်ဆောင်လာသည့် ယာဉ်များကို ပိုးသတ်ဆေးဖြန်းရန် လိုအပ်ကြောင်း ကျန်းမာရေးက အသိပေးထားရှိသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~