တာခ်ီလိတ္မွ မူးယစ္ေဆးမ်ားကို ေဟာင္ေကာင္တင္ပို႔ရန္ ႀကိဳးစားသည့္ ျမန္မာလူငယ္ (၅)ဦးႏွင့္ နီေပါႏုိင္ငံသား (၁)ဦးကို ရန္ကုန္တြင္ ဖမ္းမိ

တာခ်ီလိတ္မွ မူးယစ္ေဆးမ်ားကို ေဟာင္ေကာင္တင္ပို႔ရန္ ႀကိဳးစားသည့္ ျမန္မာလူငယ္ (၅)ဦးႏွင့္ နီေပါႏုိင္ငံသား (၁)ဦးကို ရန္ကုန္တြင္ ဖမ္းမိ
ဇွန် 26, 2019
By Tachileik News Agency

ျမန္မာနိုင္ငံသို႔ ေခတၱလာေရာက္သည့္ နီေပါနိုင္ငံသားတစ္ဦး၏ စီစဥ္ေပးမႈျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွ မူးယစ္ေဆးမ်ားကို ေဟာင္ေကာင္သို႔ ေလေၾကာင္းလုိင္းျဖင့္ တင္ပို႔ရန္ႀကိဳးစားသည့္ ေလယာဥ္ေမာင္ေဟာင္းတစ္ဦး အပါအဝင္ ျမန္မာလူငယ္ (၅)ဦးနွင့္ နီေပါႏုိင္ငံသား (၁)ဦးတို႔အား ေဖၚထုတ္ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၃) ရက္ေန႔ နံနက္အေစာပိုင္းတြင္ ထြက္ခြာမည့္ Cathay Dragon Airlines ျဖင့္ ေဟာင္ေကာင္ေလဆိပ္သို႔လိုက္ပါမည့္ ဝမ္းတြင္းၿမိဳ႕မွ အသက္ (၂၅)ႏွစ္အရြယ္ ဝင္းသူနိုင္၏ ခရီးေဆာင္အိတ္အား X-Ray ျဖတ္သန္းစစ္ေဆးစဥ္ အိတ္အတြင္းမွ ဘိန္းျဖဴ  (၂၀၀၀) ဂရမ္ကို နံနက္ (၁)နာရီအခ်ိန္တြင္ စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးမ်ားႏွင့္ပတ္သက္၍ ကြင္းဆက္ေဖၚထုတ္ခ်က္အရ က်ိဳင္းတုံၿမိဳ႕မွ အသက္ (၂၅)ႏွစ္အရြယ္ ရဲမင္း(၂၅)ႏွစ္၊ ျပည္တြင္းေလေၾကာင္းလိုင္းတစ္ခုမွ အလုပ္ထြက္ထားသည့္ အသက္ (၂၆)ႏွစ္အရြယ္ လွႀကိဳင္၊ အသက္ (၂၆)ႏွစ္အရြယ္ ဝါဝါအိေရႊ(ခ)ရွန္ဖ၊ အသက္ (၂၄)ႏွစ္အရြယ္ ယြန္းေဟမန္ႏွင့္ ျမန္မာႏုိင္ငံသို႔ ေခတၱေရာက္ေနသည့္ အသက္ (၃၇)နွစ္အရြယ္ နီေပါႏုိင္ငံသား Mr. AashishGurung တို႔ကို ဇြန္လ (၂၄)ရက္ေန႔ႏွင့္ (၂၅)ရက္ေန႔မ်ားတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္ေမာင္ေဟာင္းျဖစ္သည့္ လွႀကိဳင္ကို ေဇကမၻာအိမ္ရာဝင္းရွိ ေခတၱတည္းခိုေနထိုင္ရာေနအိမ္တြင္ ICE (၁၈၀၀) ဂရမ္ႏွင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ Cabin Crew တာဝန္ျဖင့္ ဝင္/ထြက္ခြင့္ကတ္ျပား (၁) ခု၊ Nissan Sunny ေမာ္ေတာ္ယာဥ္ (၁) စီးတို႔ႏွင့္အတူဖမ္းဆီးရမိခဲ့ၿပီး အမႈႏွင့္ဆက္စပ္ေနသည့္ အသက္ (၂၆)ႏွစ္အရြယ္ ဝါဝါအိေရႊ(ခ)ရွန္ဖကို ၎တည္းခိုေနထိုင္ေနသည့္ ဗဟန္းၿမိဳ႕နယ္ရွိ Royal Platinum Hotel ခန္းတြင္ အသက္ (၂၄)ႏွစ္အရြယ္ ယြန္းေဟမာန္ႏွင့္အတူ ဖမ္းမိၿပီး ICE (၀.၄ဂ) ရမ္၊ ကတ္တမင္းအမႈန႔္ (၅)ဂရမ္ႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

မူးယစ္ေဆးမ်ား သယ္ပို႔ေရာင္းခ်ရန္စီစဥ္ေပးသူ အသက္ (၃၇)ႏွစ္အရြယ္ နီေပါႏိုင္ငံသား AashishGurung ကို ၎တည္းခိုေနထုိင္ရာ ဗဟန္းၿမိဳ႕နယ္ရိွ Platinum Square Hotel တြင္ဖမ္းမိကာ ဇြန္လ (၂၂) ရက္ေန႔က Cathay Dragon ေလေၾကာင္းလိုင္းျဖင့္ ေဟာင္ေကာင္သို႔ႀကိဳတင္ထြက္ခြာသြားသည့္ ရဲမင္းအား ဇြန္လ (၂၅)ရက္ေန႔တြင္ ရန္ကုန္ေလဆိပ္သို႔ ျပန္လည္ေရာက္ရိွလာခ်ိန္တြင္ ဖမ္းမိခဲ့ေၾကာင္း သိရသည္။

၎တို႔အဖြဲ႕က မူးယစ္ေဆးဝါးမ်ားကို တာခ်ီလိတ္မွတစ္ဆင့္ဝယ္ယူၿပီး ရန္ကုန္သို႔သယ္ေဆာင္ကာ ရန္ကုန္မွတစ္ဆင့္ ေဟာင္ေကာင္သို႔ပို႔ရန္ ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိထားသူ (၆)ဦးကို မဂၤလာဒုံၿမိဳ႕မရဲစခန္း၊ ဗဟန္းၿမိဳ႕မရဲစခန္းတို႔၌ သက္ဆုိင္ရာဥပေဒပုဒ္မမ်ားျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မူးယစ္တပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံသို့ ခေတ္တလာရောက်သည့် နီပေါနိုင်ငံသားတစ်ဦး၏ စီစဉ်ပေးမှုဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ မူးယစ်ဆေးများကို ဟောင်ကောင်သို့ လေကြောင်းလိုင်းဖြင့် တင်ပို့ရန်ကြိုးစားသည့် လေယာဉ်မောင်ဟောင်းတစ်ဦး အပါအဝင် မြန်မာလူငယ် (၅)ဦးနှင့် နီပေါနိုင်ငံသား (၁)ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ နံနက်အစောပိုင်းတွင် ထွက်ခွာမည့် Cathay Dragon Airlines ဖြင့် ဟောင်ကောင်လေဆိပ်သို့လိုက်ပါမည့် ဝမ်းတွင်းမြို့မှ အသက် (၂၅)နှစ်အရွယ် ဝင်းသူနိုင်၏ ခရီးဆောင်အိတ်အား X-Ray ဖြတ်သန်းစစ်ဆေးစဉ် အိတ်အတွင်းမှ ဘိန်းဖြူ (၂၀၀၀) ဂရမ်ကို နံနက် (၁)နာရီအချိန်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများနှင့်ပတ်သက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ကျိုင်းတုံမြို့မှ အသက် (၂၅)နှစ်အရွယ် ရဲမင်း(၂၅)နှစ်၊ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ အလုပ်ထွက်ထားသည့် အသက် (၂၆)နှစ်အရွယ် လှကြိုင်၊ အသက် (၂၆)နှစ်အရွယ် ဝါဝါအိရွှေ(ခ)ရှန်ဖ၊ အသက် (၂၄)နှစ်အရွယ် ယွန်းဟေမန်နှင့် မြန်မာနိုင်ငံသို့ ခေတ္တရောက်နေသည့် အသက် (၃၇)နှစ်အရွယ် နီပေါနိုင်ငံသား Mr. AashishGurung တို့ကို ဇွန်လ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့များတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်မောင်ဟောင်းဖြစ်သည့် လှကြိုင်ကို ဇေကမ္ဘာအိမ်ရာဝင်းရှိ ခေတ္တတည်းခိုနေထိုင်ရာနေအိမ်တွင် ICE (၁၈၀၀) ဂရမ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Cabin Crew တာဝန်ဖြင့် ဝင်/ထွက်ခွင့်ကတ်ပြား (၁) ခု၊ Nissan Sunny မော်တော်ယာဉ် (၁) စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီး အမှုနှင့်ဆက်စပ်နေသည့် အသက် (၂၆)နှစ်အရွယ် ဝါဝါအိရွှေ(ခ)ရှန်ဖကို၎င်းတည်းခိုနေထိုင်နေသည့် ဗဟန်းမြို့နယ်ရှိ Royal Platinum Hotel ခန်းတွင် အသက် (၂၄)နှစ်အရွယ် ယွန်းဟေမာန်နှင့်အတူ ဖမ်းမိပြီး ICE (ဝ.၄ဂ) ရမ်၊ ကတ်တမင်းအမှုန့် (၅)ဂရမ်နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးများ သယ်ပို့ရောင်းချရန်စီစဉ်ပေးသူ အသက် (၃၇)နှစ်အရွယ် နီပေါနိုင်ငံသား AashishGurung ကို၎င်းတည်းခိုနေထိုင်ရာ ဗဟန်းမြို့နယ်ရှိ Platinum Square Hotel တွင်ဖမ်းမိကာ ဇွန်လ (၂၂) ရက်နေ့က Cathay Dragon လေကြောင်းလိုင်းဖြင့် ဟောင်ကောင်သို့ကြိုတင်ထွက်ခွာသွားသည့် ရဲမင်းအား ဇွန်လ (၂၅)ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

၎င်းတို့အဖွဲ့က မူးယစ်ဆေးဝါးများကို တာချီလိတ်မှတစ်ဆင့်ဝယ်ယူပြီး ရန်ကုန်သို့သယ်ဆောင်ကာ ရန်ကုန်မှတစ်ဆင့် ဟောင်ကောင်သို့ပို့ရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိထားသူ (၆)ဦးကို မင်္ဂလာဒုံမြို့မရဲစခန်း၊ ဗဟန်းမြို့မရဲစခန်းတို့၌ သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မူးယစ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net