မိုင်းယောင်းမြို့မှ Covid-19 အတည်ပြုလူနာ (၄)ဦး ဆေးရုံဆင်းခွင့်ရ

မိုင်းယောင်းမြို့မှ Covid-19 အတည်ပြုလူနာ (၄)ဦး ဆေးရုံဆင်းခွင့်ရ
ဇန်နဝါရီ 30, 2021 | Covid-19| ရှမ်းရှေ့
By စိုင်းအောင်ဇော်လင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ ကိုဗစ် - ၁၉ အတည်ပြုလူနာ (၄)ဇန်နဝါရီလ (၃၀)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်ရာ ကုသဆောင်၌ ကိုဗစ် - ၁၉ အတည်ပြုလူနာ မရှိတော့ကြောင်း သိရသည်။



ဆေးရုံဆင်းလူနာများကို နေအိမ်တွင် (၇) ရက် အသွားအလာကန့်သတ်၍ ဆက်လက်နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရန်၊ အပြင်သွားလာပါက Mask တပ်ရန်အပါအဝင် ဆက်လက်နေထိုင် လိုက်နာရမည့်အချက်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုးက ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် ဆေးရုံဆင်းလူနာများအား အိမ်သို့ပို့ဆောင်ပေးသည်။



မိုင်းယောင်းမြို့နယ်တွင် ဇန်နဝါရီလ (၃၀)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆) ဦးတွေ့ခဲ့ရသော်လည်း အားလုံးမှာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။

Tachileik News Agency

သတင်း - စိုင်းအောင်ဇော်လင်း