ထိုင္းႏုိင္ငံတြင္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၁)ဦးကို တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္း

ထိုင္းႏုိင္ငံတြင္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၁)ဦးကို တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္း
မေ 3, 2019
By 🌸
ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၁)ဦးကို ၂၀၁၉ ခုႏွစ္၊ ေမလ (၃)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲက ျမန္မာ - ထုိင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ ထိုင္းတာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးသည္။

အဆိုပါ ျမန္မာႏိုင္ငံသား အမ်ိဳးသား (၁၆)ဦးႏွင့္ အမ်ိဳးသမီး (၅)ဦး စုစုေပါင္း (၂၁)ဦးတုိ႔သည္ ထိုင္းႏိုင္ငံအတြင္း နယ္ေျမေက်ာ္ဝင္ေရာက္ျခင္း၊ တရားမဝင္ ဝင္ေရာက္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံခဲ့ရသူမ်ားျဖစ္ၿပီး ရွမ္းျပည္နယ္ ေတာင္ပိုင္းနွင့္ ေျမာက္ပိုင္းေဒသမ်ားမွျဖစ္ေၾကာင္း သိရသည္။

ျပန္လည္လြတ္ေျမာက္လာသည့္ ျမန္မာ (၂၁)ဦးကို မယ္ဆိုင္ လ၀က ႏွင့္ အဖြဲ႔က ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

တာခ်ီလိတ္မွ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ ထုိင္းနိုင္ငံဘက္ လည္ပတ္ရာတြင္ သတ္မွတ္ ဧရိယာ ေက်ာ္လြန္သြားလာသူမ်ားအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးခံရၿပီး ျပစ္ဒဏ္ေစ့သူမ်ားကိုလည္း ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွၿပီး တစ္ခါတစ္ရံတြင္ ျမန္မာႏုိင္ငံသားအျဖစ္ အတည္ျပဳႏုိင္ျခင္းမရိွသူမ်ားကို ထုိင္းဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးရမႈမ်ားလည္းရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၁)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်း
***********
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၁)ဦးကို ၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့ နေ့လယ်(၂)နာရီခွဲက မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းတာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးသည်။
အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၂၁)ဦးတို့သည် ထိုင်းနိုင်ငံအတွင်း နယ်မြေကျော်ဝင်ရောက်ခြင်း၊ တရားမဝင် ဝင်ရောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှဖြစ်ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသည့် မြန်မာ (၂၁)ဦးကို မယ်ဆိုင် လဝက နှင့် အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှ တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။
တာချီလိတ်မှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ထိုင်းနိုင်ငံဘက် လည်ပတ်ရာတွင် သတ်မှတ် ဧရိယာ ကျော်လွန်သွားလာသူများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သူများကိုလည်း မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိပြီး တစ်ခါတစ်ရံတွင် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်ခြင်းမရှိသူများကို ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးရမှုများလည်းရှိကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - CNCMC
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net