တာချီလိတ်မြို့ လွယ်တော်ခမ်းတံတားအနီး စိတ်ကြွရူးသွပ်ဆေး အပြားတစ်သောင်းဖမ်းမိ

တာချီလိတ်မြို့ လွယ်တော်ခမ်းတံတားအနီး စိတ်ကြွရူးသွပ်ဆေး အပြားတစ်သောင်းဖမ်းမိ
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့ လွယ်တော်ခမ်းတံတားအနီး စိတ်ကြွရူးသွပ်ဆေး အပြားတစ်သောင်းဖမ်းမိ 
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ လွယ်တော်ခမ်းတံတားအနီး လမ်းပေါ်တွင် အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးဝါး အပြားတစ်သောင်းကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ညနေပိုင်းက ဖမ်းစီးရမိ သည်။
မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၇) ရက်နေ့ ညနေ (၃) နာရီခွဲဝန်းကျင်က သတင်းအရစောင့်ဆိုင်းနေစဉ် တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီးရွာဘက်မှ ပါကွေ့ရွာဘက်သို့ အားလိဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာတွင် ၎င်းလွယ်ထားသောအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား အပြား (၁၀,၀၀၀) ပြားကို ဖမ်းစီးရမိခဲ့သည်။
မူးယစ်ဆေးဝါးများနှင့် ဖမ်းစီးရမိသည့် အသက်(၁၉)နှစ်အရွယ်  အားလိကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~