သီပေါမြို့နယ် စံလောင်းရွာအနီး လမ်းဘေးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

သီပေါမြို့နယ် စံလောင်းရွာအနီး လမ်းဘေးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ် စံလောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် သေနတ်ဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်ခုကို ၂၀၂၁ ခုနှစ်၊ မေလ (၈) ရက်နေ့ ညနေပိုင်းတွင် တွေ့ရကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီး သီပေါ-လားရှိုးလမ်းပိုင်းရှိ သီပေါမြို့နယ် စံလောင်းကျေးရွာအနီးတွင်  အဆိုပါ အမျိုးသားအလောင်းကို တွေ့ရခြင်းဖြစ်ပြီး ရင်ဘတ်တွင် သေနတ်ဒဏ်ရာ (၂) ချက်၊ ပုခုံးတွင် (၁) ချက်၊ ကျောတွင် (၃) ချက် တွေ့ရပြီး ဝဲဘက်လက်မှာလည်း ကျိုးနေသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

အလောင်းအနီးတွင် တွေ့ရသည့် ကျည်ခွံ (၃) ခုမှာ   12V ကျည်အမျိုးအစားဖြစ်သည်ဟု အခင်းဖြစ်နေရာကို လာစစ်သည့် ရဲတပ်ဖွဲ့ကပြောသည်ဟု သိရပြီး အလောင်းအား နည်စည်းမခြားပရဟိတအသင်း(သီပေါ)က  သီပေါ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။



#TachileikNewsAgency

Photo: နယ်စည်းမခြားပရဟိတ(သီပေါ), CJ