မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူးကျေးရွာတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ

မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူးကျေးရွာတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူးကျေးရွာတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူးကျေးရွာရှိ မူးယစ်သတင်းရနေအိမ် (၂)လုံးကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များနှင့် နားကောင်းမူး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်၌ နားကောင်းမူးကျေးရွာ၊
ရပ်ကွက်(၆)နေ မရန်ရှော်ရီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၉)ပြားနှင့် ဘိန်းဖြူ (၁)ဂရမ်ခန့်တို့နှင့်အတူ မရန်ရှော်ရီကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေ့လယ် (၂)နာရီကျော်တွင် အဆိုပါရပ်ကွက်ရှိ ဦးခါးရှဲ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးခါးရှဲနှင့် သားဖြစ်သူ ကျဘိုရှဲတို့အား WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၇၀)ပြားနှင့် ဘိန်းစိမ်း (၃၅၀)ကီဂရမ်ခန့်နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူများအား နားကောင်းမူး၊ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူထားရာ ရန်ရှော်ရီအား မယ(ပ)၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၆(ဂ)ဖြင့် လည်းကောင်း၊ ခါးရှဲနှင့် ကျဘိုရှဲတို့အား မယ(ပ)၇/၂၀၂၀၊ မူး/စိတ် ပုဒ်မ-၁၉(က)/၂၁ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~