တာခ်ီလိတ္တြင္ လမ္းေက်ာ္တက္သည့္ ေမာ္ေတာ္ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွ ဆုိင္ကယ္ (၂)စီးကို ဝင္တုိက္မိမႈေၾကာင့္ တစ္ဦးေသဆံုးမႈျဖစ္ပြားကာ တိုက္မိယာဥ္မွာ ေမာင္းနင္ထြက္ေျပးေနတာခ်ီလိတ္တြင္ လမ္းေက်ာ္တက္သည့္ ေမာ္ေတာ္ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွ ဆုိင္ကယ္ (၂)စီးကို ဝင္တုိက္မိမႈေၾကာင့္ တစ္ဦးေသဆံုးမႈျဖစ္ပြားကာ တိုက္မိယာဥ္မွာ ေမာင္းနင္ထြက္ေျပးေန

တာခ်ီလိတ္တြင္ လမ္းေက်ာ္တက္သည့္ ေမာ္ေတာ္ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွ ဆုိင္ကယ္ (၂)စီးကို ဝင္တုိက္မိမႈေၾကာင့္ တစ္ဦးေသဆံုးမႈျဖစ္ပြားကာ တိုက္မိယာဥ္မွာ ေမာင္းနင္ထြက္ေျပးေနတာခ်ီလိတ္တြင္ လမ္းေက်ာ္တက္သည့္ ေမာ္ေတာ္ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွ ဆုိင္ကယ္ (၂)စီးကို ဝင္တုိက္မိမႈေၾကာင့္ တစ္ဦးေသဆံုးမႈျဖစ္ပြားကာ တိုက္မိယာဥ္မွာ ေမာင္းနင္ထြက္ေျပးေန
မေ 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္အပိုင္း ရွမ္းရိုးမကြင္းေထာင့္ဘက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမတြင္ လမ္းေက်ာ္တက္သည့္ ေမာ္ေတာ္ယာဥ္တစ္စီးက တစ္ဖက္ယာဥ္ေၾကာမွ ဆိုင္ကယ္ႏွစ္စီးအား မ်က္ႏွာခ်င္းဆိုင္ဝင္တုိက္ၿပီး ထြက္ေျပးေမာင္းႏွင္သြားသျဖင့္ တစ္ဦးေသဆံုးသြားၿပီး တစ္ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ ေမလ (၆)ရက္ေန႔ ည (၈)နာရီ၀န္းက်င္က  ပံုလို႔လမ္းဆံုဘက္မွ အားကစားရံုသြားလမ္းဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္က ေရွ႕မွ ေမာ္ေတာ္ယာဥ္အား ေက်ာ္တက္စဥ္ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္သြားၿပီးေနာက္ မ်က္ႏွာခ်င္းဆုိင္လာေနသည့္ ဆိုင္ကယ္ (၂)စီးကို ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း ႏွင့္ တိုက္မိသည့္ ေမာ္ေတာ္ယာဥ္မွာ ေမာင္းနင္ထြက္ေျပးသြားေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈေၾကာင့္ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အသက္ (၁၆)ႏွစ္အရြယ္ ေမာင္ေအာင္ေက်ာ္ေက်ာ္မွာ ဒဏ္ရာအျပင္းအထန္ရသြားၿပီး ဆုိင္ကယ္ေမာင္းႏွင္သူတစ္ဦးျဖစ္သည့္ အသက္ (၂၂)ႏွစ္အရြယ္ မသႏၱာေဆြမွာ ဒဏ္ရာရသြားေၾကာင္း သိရသည္။

ဒဏ္ရာရရိွသူႏွစ္ဦးလံုးကို တာခ်ီလိတ္နာေရးကူညီမႈအသင္းက ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ဒဏ္ရာျပင္းထန္သည့္ ေမာင္ေအာင္ေက်ာ္ေက်ာ္မွာ ေသဆံုးသြားေၾကာင္း သိရသည္။

လူေသဆံုး၊ဒဏ္ရာရေအာင္ တုိက္ၿပီးထြက္ေျပးေနသည့္ ေမာ္ေတာ္ယာဥ္အား ယာဥ္ထိန္းတပ္ဖြဲ႕က စံုစမ္းေနၿပီး အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ရှမ်းရိုးမကွင်းထောင့်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတွင် လမ်းကျော်တက်သည့် မော်တော်ယာဉ်တစ်စီးက တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်နှစ်စီးအား မျက်နှာချင်းဆိုင်ဝင်တိုက်ပြီး ထွက်ပြေးမောင်းနှင်သွားသဖြင့် တစ်ဦးသေဆုံးသွားပြီး တစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့ ည (၈)နာရီဝန်းကျင်က ပုံလို့လမ်းဆုံဘက်မှ အားကစားရုံသွားလမ်းဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်က ရှေ့မှ မော်တော်ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားပြီးနောက် မျက်နှာချင်းဆိုင်လာနေသည့် ဆိုင်ကယ် (၂)စီးကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း နှင့် တိုက်မိသည့် မော်တော်ယာဉ်မှာ မောင်းနင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၁၆)နှစ်အရွယ် မောင်အောင်ကျော်ကျော်မှာ ဒဏ်ရာအပြင်းအထန်ရသွားပြီး ဆိုင်ကယ်မောင်းနှင်သူတစ်ဦးဖြစ်သည့် အသက် (၂၂)နှစ်အရွယ် မသန္တာဆွေမှာ ဒဏ်ရာရသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူနှစ်ဦးလုံးကို တာချီလိတ်နာရေးကူညီမှုအသင်းက ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် မောင်အောင်ကျော်ကျော်မှာ သေဆုံးသွားကြောင်း သိရသည်။

လူသေဆုံး၊ဒဏ်ရာရအောင် တိုက်ပြီးထွက်ပြေးနေသည့် မော်တော်ယာဉ်အား ယာဉ်ထိန်းတပ်ဖွဲ့က စုံစမ်းနပြေီး အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net