ကျိုင်းတုံမြို့တွင် COVID 19 ကာကွယ်ရေး ဆေးဖြန်းခြင်းကို မြို့မဈေးတွင် စတင်ဆောင်ရွက်နေပြီး အများပြည်သူနေရာများတွင် ဆက်လက်လုပ်ဆောင်မည်

ကျိုင်းတုံမြို့တွင် COVID 19 ကာကွယ်ရေး ဆေးဖြန်းခြင်းကို မြို့မဈေးတွင် စတင်ဆောင်ရွက်နေပြီး အများပြည်သူနေရာများတွင် ဆက်လက်လုပ်ဆောင်မည်
မတ် 28, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် COVID 19 ကာကွယ်ရေး ဆေးဖြန်းခြင်းကို မြို့မဈေးတွင် စတင်ဆောင်ရွက်နေပြီး အများပြည်သူနေရာများတွင်လည်း ဆက်လက် လုပ်ဆောင်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့မဈေးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း လုပ်ငန်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ ဆောင်ရွက်ထားပြီး အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

လောလောဆယ် Bleaching Powder ကတော့ ကျန်းမာရေးဦးစီးဌာနက ယူတာပေါ့နော်။ ပြီးတော့ မီးသတ်ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ စည်ပင်သာယာရေးဌာနဝန်ထမ်းတွေ ပူးပေါင်းပြီး ဖြန်းသွားမှာပေါ့။ ဒါကတော့ ပထမဆုံးအကြိမ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ရော၊ အားလုံးအသိပညာရရှိအောင်ရော မီးသတ်ရဲ့အင်အားကိုယူပြီးတော့ ဖြန်းတာပေါ့။ နောက်ပိုင်းတွေလည်း ကျွန်တော်တို့က ဆက်ပြီးအလျဉ်းသင့်သလို ထပ်ဖြန်းသွားမှာပါ။ ကျန်တဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီး ဆက်လုပ်ဖို့ရှိပါတယ်။ ဈေးအတွင်းမှာ ရောဂါကာကွယ်ရေးအတွက်တွေ ထပ်ပြီးလုပ်သွားဖို့လည်းရှိပါတယ်။ ဒီနေ့မှာ စည်ပင်သာယာရေးဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး လုပ်နေတာပါ

ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့မဈေးတွင် Bleaching Powder ဖြင့် ဆေးဖြန်းခြင်းကို ညနေ (၄)နာရီဝန်းကျင်တွင် ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊  ပြည်နယ်ကျန်းမာရေးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ခရိုင်မီးသတ်တပ်ဖွဲ့များ၊ ဈေးကော်မတီများ နှင့် စည်ပင်သာယာရေးကော်မတီဝင်များမှ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့မဈေးတွင် ဈေးသည်နှင့် ဈေးဝယ်များ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မကြာခဏ လက်ဆေးနိုင်ရန်အတွက် လက်ဆေးကန်များ၊ ဆပ်ပြာများ ထားရှိပေးထားသည့်အပြင် ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း တာဝန်ရှိသူများက လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျိုင်းတုံ စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~