တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း Wy ၈၀၀၀ ပြား ဖမ်းမိ

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း Wy ၈၀၀၀ ပြား ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့က စိတ်ကြွဆေးပြား (၈,၀၀၀) ပြား သယ်လာသည့် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို  ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ဇန်နဝါရီလ (၂၄) ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်(၂) စီးအား ရပ်တန့်စေပြီး စစ်ဆေးရာ ဆိုင်ကယ်တစ်စီး၏ တူးဘောက်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၈,၀၀၀) ပြားကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

 

စိတ်ကြွဆေးပြားများ ဖမ်းမိသဖြင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၁၉)နှစ်အရွယ် အားတု၊ အသက် (၃၅)နှစ်အရွယ် လော်ဘာနှင့် အသက် (၂၂)နှစ်အရွယ် အားထွန့်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Tachileik News Agency