တာခ်ီလိတ္ၿမို႕တြင္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလႊဲသံုးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔အခမ္းအနား က်င္းပ

တာခ်ီလိတ္ၿမို႕တြင္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလႊဲသံုးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔အခမ္းအနား က်င္းပ
ဇွန် 26, 2019
By Tachileik News Agency
အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလႊဲသံုးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔အခမ္းအနားကို ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၆) ရက္ေန႔ နံနက္ (၉) နာရီက  က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ အႀကီးအကဲမ်ား ႏွင့္ သက္ဆိုင္ရာ အသီးသီးမွ တာ၀န္ရိွသူမ်ား၊  ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား အပါအ၀င္ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ခဲ့ၾကၿပီး ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီႏွင့္ စာစီစာကံုးၿပိဳင္ပြဲမ်ားတြင္ ဆုရရိွသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဆုမ်ားအသီးသီးခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ မူးယစ္ေဆးစြဲကုသေရးဌာနႀကီး (၂၉)ခု၊ ဌာနငယ္ (၅၆) ခု၊ မက္သာဒံုးတိုက္ေကၽြးေသာ ေဆးခန္း (၅၅) ခုရိွၿပီး ၂၀၁၈ ခုႏွစ္တြင္ မူးယစ္ေဆးစြဲသူ (၁၀၈၄) ဦးကို ကုသေပးႏိုင္ခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြမွ ေပးပို႔သည့္ သ၀ဏ္လႊာတြင္ ေဖာ္ျပပါရိွသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္အေနျဖင့္ မူးယစ္ေဆး၀ါးတားဆီးႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားအျဖစ္ ၂၀၁၈ ခုႏွစ္တြင္ မူးယစ္ေဆး၀ါးအမႈေပါင္း (၁၆၄) မႈ၊ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလမွ ဇြန္ (၂၅) ရက္ေန႔အထိ မူးယစ္ေဆး၀ါးအမႈေပါင္း (၁၀၉) မႈကို ဖမ္းဆီးရမိခဲ့ၿပီး ဘိန္းခင္းမ်ားဖ်က္ဆီးျခင္းလုပ္ငန္းမ်ားကိုလည္း ေဆာင္ရြက္ခဲ့ရာ ၂၀၁၇-၂၀၁၈ ခုႏွစ္ ဘိန္းစိုက္ရာသီတြင္ တာခ်ီလိတ္ခရိုင္အတြင္း (၃၅.၅) ဧကကိုဖ်က္ဆီးႏိုင္ခဲ့ၿပီး ၂၀၁၈-၂၀၁၉ ဘိန္းစိုက္ရာသီတြင္ (၁၃) ဧက ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ၂၀၁၉ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် သက်ဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ အပါအဝင် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲကုသရေးဌာနကြီး (၂၉)ခု၊ ဌာနငယ် (၅၆) ခု၊ မက်သာဒုံးတိုက်ကျွေးသော ဆေးခန်း (၅၅) ခုရှိပြီး ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးစွဲသူ (၁၀၈၄) ဦးကို ကုသပေးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေမှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အနဖြေင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများအဖြစ် ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း (၁၆၄) မှု၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန် (၂၅) ရက်နေ့အထိ မူးယစ်ဆေးဝါးအမှုပေါင်း (၁၀၉) မှုကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းခင်းများဖျက်ဆီးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ် ဘိန်းစိုက်ရာသီတွင် တာချီလိတ်ခရိုင်အတွင်း (၃၅.၅) ဧကကိုဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘိန်းစိုက်ရာသီတွင် (၁၃) ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net