ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်(၄၄)ဦး လိုက်ပါလာသည့်ယာဉ်၏ ယာဉ်မောင်း အိပ်ငိုက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်သွား

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်(၄၄)ဦး လိုက်ပါလာသည့်ယာဉ်၏ ယာဉ်မောင်း အိပ်ငိုက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်သွား
ဧပွီ 18, 2019
By Tachileik News Agency

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ ရန်ကုန်နှင့် နေပြည်တော်ကြား မိုင်တိုင်(၁၉၄/၄- ၁၉၄/၅) ကြားတွင် စုစုပေါင်း လူဦးရေ (၄၄)ဦး လိုက်ပါလာသည့် နေကြယ်မင်း ခရီးသည်တင်ယာဉ်တစ်စီး ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့ နံနက် (၃)နာရီခွဲက ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်းအားကျော်တက်သွားကြောင်း သိရသည်။


ရန်ကုန် - နေပြည်တော် - တပ်ကုန်း - ရမည်းသင်း - ပျော်ဘွယ်ပြေးဆွဲနေသည့် အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်း(၁)ဦး၊ စပယ်ယာ(၁)ဦး၊ ခရီးသည် (၄၂)ဦး၊ စုစုပေါင်း (၄၄)ဦး စီးနင်းလိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ ရန်ကုန်နှင့် နပြေည်တော်ကြား မိုင်တိုင်(၁၉၄/၄- ၁၉၄/၅) ကြားတွင် စုစုပေါင်း လူဦးရေ (၄၄)ဦး လိုက်ပါလာသည့် နကြေယ်မင်း ခရီးသည်တင်ယာဉ်တစ်စီး ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့ နံနက် (၃)နာရီခွဲက ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်းအားကျော်တက်သွားကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်မှာ လမ်းလယ်ကျွန်းအား ကျော်တက်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ယာဉ်မောင်း၏ မျက်လုံးထဲ မှန်စစိုက်ဝင်သည့်ဒဏ်ရာရသွားသော်လည်း အခြားခရီးသည်များအားလုံး ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။

ရန်ကုန် - နပြေည်တော် - တပ်ကုန်း - ရမည်းသင်း - ပျော်ဘွယ်ပြေးဆွဲနေသည့် အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်း(၁)ဦး၊ စပယ်ယာ(၁)ဦး၊ ခရီးသည် (၄၂)ဦး၊ စုစုပေါင်း (၄၄)ဦး စီးနင်းလိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပလွေးစခန်း မှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များကူညီဆောင်ရွက်ပေးထားကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - Highway Police

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net