တာချီလိတ်ခရိုင်အတွင်း ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို ပြစ်ဒဏ်စေ့၍ ပြည်နှင်ရန် လားရှိုးသို့ တဆင့်ပို့ဆောင်

တာချီလိတ်ခရိုင်အတွင်း ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို ပြစ်ဒဏ်စေ့၍ ပြည်နှင်ရန် လားရှိုးသို့ တဆင့်ပို့ဆောင်
ဧပြီ 1, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို ပြစ်ဒဏ်စေ့၍ ပြည်နှင်ရန် လားရှိုးသို့ တဆင့်ပို့ဆောင်

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရားမဝင် ဝင်ရောက်မှု၊ လောင်းကစားမှုနှင့် တရားမဝင် ဓါတုပစ္စည်း သယ်ဆောင်မှုတို့ဖြင့်  ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် တရုတ်နိုင်ငံသား (၁၄)ဦးကို အမည်ပျက်စာရင်းသွင်းပြီး ချ င်းရွှေဟော်နယ်စပ်ဂိတ်မှ ပြည်နှင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် တာချီလိတ်လေဆိပ်မှ တဆင့် လားရှိုးသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားများအနက် (၁၃)ဦးမှာ ၂၀၁၉ ခုနှစ်၊ မေလအတွင်းက တာချီလိတ်မြို့ ရန်အောင်မြေနှင့် ဝိန်းကျောက်ရပ်ကွက်များ၌ အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရသည့်အပြင် တရားမဝင် ဝင်ရောက် နေထိုင်သူများဖြစ်ကြောင်း စစ်ဆေးတွေ့ရသဖြင့် လောင်းကစားမှု၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတို့ဖြင့် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျန်တရုတ်နိုင်ငံသား (၁)ဦးမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့က မိုင်းလင်းကျေးရွာ၊ နမ့်မွေတံတား၌ တရားမဝင် ဓါတုပစ္စည်းများ သယ်လာသဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံရသူဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်စေ့ တရုတ်နိုင်ငံသား (၁၄)ဦးကို ပြည်နှင်လုပ်ငန်းဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ ချိတ်ဆက်ဆောင်ရွက်ပြီး လေကြောင်းခရီးဖြင့် လားရှိုးသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~