မိုင်းခုတ်-ကျိုင်းတုံသွားလမ်းမတွင် အိုက်စ် (၁၉) ကီလိုသယ်လာသူနှစ်ဦး ပစ်ခတ်ဖမ်းဆီးမှုအတွင်းမှ ထွက်ပြေးလွတ်မြောက်

မိုင်းခုတ်-ကျိုင်းတုံသွားလမ်းမတွင် အိုက်စ် (၁၉) ကီလိုသယ်လာသူနှစ်ဦး ပစ်ခတ်ဖမ်းဆီးမှုအတွင်းမှ ထွက်ပြေးလွတ်မြောက်
အောက်တိုဘာ 18, 2020
By Tachileik News Agency


မိုင်းခုတ်-ကျိုင်းတုံသွားလမ်းမတွင် အိုက်စ် (၁၉) ကီလိုသယ်လာသူနှစ်ဦး ပစ်ခတ်ဖမ်းဆီးမှုအတွင်းမှ ထွက်ပြေးလွတ်မြောက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်-ကျိုင်းတုံသွားကားလမ်းမတွင် (999) အမှတ်တံဆိပ်ပါ အိုက်စ်မူးယစ်ဆေး (၁၉) ကီလို သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိပြီး မူးယစ်ဆေးသယ်သည့် အမျိုးသား (၂)ဦးမှာ ပစ်ခတ်ဖမ်းဆီးသည့်ကြားမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၉) မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အောက်တိုဘာလ (၁၇) ရက်နေ့ ညနေ (၃) နာရီ (၄၅) မိနစ်ဝန်းကျင်တွင် မိုင်းခုတ်- ကျိုင်းတုံသွားကားလမ်း မိုင်းနင်းကျေးရွာနှင့် လိုက်ခါးကျေးရွာကြား (၉၆) ကီလိုမီတာ မှတ်တိုင်အနီးတစ်ဝိုက်တွင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးနေစဉ် ကျိုင်းတုံမြို့ဘက်မှ မိုင်းခုတ်မြို့ဘက်သို့ မောင်းနှင်လာသော VIGO အမျိုးအစား အပြာရောင်မော်တော်ယာဉ်သည် ပိတ်ဆို့ရေးအဖွဲ့သို့ မရောက်မီ ပေ(၁၅၀) ခန့်အကွာရှိ တံတားငယ်တစ်စင်းအား ဝင်တိုက်ရပ်တန့်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးမှာ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရေးအဖွဲ့က သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ရာ ထွက်ပြေးသွားသူ(၂)ဦးအား ထိမှန်ခြင်းမရှိဘဲ မော်တော်ယာဉ်အား(၂)ချက်ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်အား သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ယာဉ်မောင်းနောက်ခန်းရှိ ပီနံအိတ်(၂) အိတ်အတွင်းမှ (၉၉၉)စာတမ်းပါစက္ကူဖြင့်ထုတ်ထားသည့်  အိုက်စ်မူးယစ်ဆေး (၁)ကီလို ဂရမ်ခန့်စီပါ (၁၉)ထုပ်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးနှင့် မော်တော်ယာဉ်တို့အား သိမ်းဆည်းထားပြီး ထွက်ပြေးလွတ်မြောက်သွားသည့် မူးယစ်ဆေးသယ်သူ (၂)ဦးကို မိုင်းခုတ်မြို့ နယ်မြေရဲစခန်းတွင် မယ(ပ)၅/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - သန်းဇော် 
ဓာတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~