တာချီလိတ် အနောက်မြို့ရှောင်လမ်းတွင် မြေသယ်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းလူငယ်သေဆုံး

တာချီလိတ် အနောက်မြို့ရှောင်လမ်းတွင် မြေသယ်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းလူငယ်သေဆုံး
ဒီဇင်ဘာ 26, 2019
By Tachileik News Agency
တာချီလိတ် အနောက်မြို့ရှောင်လမ်းတွင် မြေသယ်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ 
ဆိုင်ကယ်မောင်းလူငယ်သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အောင်ပင်လယ်ရွာအနီး အနောက်မြို့ရှောင်လမ်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးခြံဝန်းတစ်ခုမှ ထွက်လာသည့် မြေသယ်ယာဉ် နှင့် အောင်ပင်လယ်လမ်းဆုံဘက်သို့ မောင်းလာသည့် ဆိုင်ကယ်တို့ တိုက်မှုဖြစ်ပွားရာက ဆိုင်ကယ်မောင်းလာသည့် လူငယ်တစ်ဦး နေရာတွင် သေဆုံးသွားသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၁၆)နှစ်အရွယ် အိုက်အောမှာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားခြင်း မရှိသဖြင့် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိသွားသည်ကို တွေ့ရပြီး ခြေထောက်တွင်လည်း စုတ်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးပြီး မြေသယ်ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်လက်၍ ယာဉ်မောင်း မြင့်မော်ဆိုသူကို တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၄၄/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၃/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~