တာချီလိတ်မြို့တွင် Quarantine Centre ဖွင့်လှစ်ထားသည့် မိုးကုတ်တရားရိပ်သာအတွင်းမှ အနည်းဆုံး ဘတ်(၈၀,၀၀၀)ကျော်တန်ဖိုးရှိ ရိပ်သာအသုံးအဆောင် ပစ္စည်းများ ဖောက်ထွင်း ခိုးယူခံရ

တာချီလိတ်မြို့တွင် Quarantine Centre ဖွင့်လှစ်ထားသည့် မိုးကုတ်တရားရိပ်သာအတွင်းမှ အနည်းဆုံး ဘတ်(၈၀,၀၀၀)ကျော်တန်ဖိုးရှိ ရိပ်သာအသုံးအဆောင် ပစ္စည်းများ ဖောက်ထွင်း ခိုးယူခံရ

တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)တွင် ထိုင်းဘတ်ငွေ (၈၀,၀၀၀)ဖိုးတန်ဖိုးရှိ ရိပ်သာသုံးပစ္စည်းအဆောင်များ ခိုးယူခံရ၍ အဆိုပါ ပစ္စည်းများကို အဟောင်းဆိုင်(ကီလိုဆိုင်)များသို့ ဖြစ်စေ တစ်ဦးချင်းစီကို ဖြစ်စေ လာရောက်ရောင်းချပါက ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း တရားရိပ်သာ၏ တာဝန်ရှိသူများက အသိပေးထားရှိသည်။

Quarantine Centre ဖွင့်ထားတဲ့ မိုးကုတ်ရိပ်သာမှာ ညက သူခိုးဝင်ဖောက်သွားလို့ဗျာ။ အဲ့ဒါ ပစ္စည်းတွေက ဘတ်(၈၀,၀၀၀)ဖိုးနဲ့ ဘတ်(၁)သိန်းအကြားရှိတဲ့ ပစ္စည်းတွေ ပါသွားတယ်။ အခုပုံတွေကတော့ လက်ကျန်တွေပါ။ အဲ့ပုံစံတူတွေ ခိုးခံရတာ။ စာရင်းကတော့ ခန့်မှန်းထားတဲ့ စာရင်းပါ။ ရိပ်သာမှာက အရမ်းများတော့ အတိအကျ ပြောလို့မရဘူး။

ဟု တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)၏ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂)ရက်နေ့ ညနေပိုင်းက ပြောသည်။

ခိုးခံရသည့် ပစ္စည်းများမှာ စတီးထမင်းစား ပုံစံခွက်၊ ဇွန်နှင့်ခရင်း အစုံ၊ ဇွန်းတို၊ စားပွဲဝိုင်း၊ ဖျာလိပ် နှင့် မီးကြိုခွေကြီးများဖြစ်ပြီး ဖော်ပြပါ စာရင်းသည် မှတ်မိသလောက် ခန့်မှန်းသာဖြစ်ပြီး ဖော်ပြပါ စာရင်းထက် အခြားပစ္စည်းများလည်း ပါသွားနိုင်သည့်အတွက်   လာရောက် ရောင်းချမှုများရှိပါက ဖုန်း 09250474166 နှင့် 09665396176 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)၏ တာဝန်ရှိသူများက အကူအညီတောင်းခံထားရှိသည်။

လက်ကျန် ပစ္စည်းများ

တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)သည် ၂၀၂၀ခုနှစ် မတ်လအတွင်းက စတင်သည့် Covid-19 အခြေအနေကြောင့် တရားစခန်းများကို ရပ်နားထားလိုက်ပြီး ဒေသအကျိုးကို တစ်ဖက်တစ်လမ်းက ပါဝင် ကူညီသည့်အနေဖြင့် Covid-19 အတည်ပြုလူနာများအပြင်  ထိတွေ့သူများ၊ လာအို နှင့် ထိုင်းနိုင်ငံတို့မှ ပြန်လာသည့် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံများကို Quarantine ထားရှိနိုင်ရန်အတွက် ကူညီပေးထားသည့် တစ်ခုတည်းသော ရိပ်သာတစ်ခုဖြစ်သည်။

လက်ကျန် ပစ္စည်းများ

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း၌ ဆိုင်ကယ်ခိုးမှုများမှာ နေ့စဉ်ဖြစ်ပွားနေပြီး ခိုးမှုမှသည် လုယက်မှု၊ ရိုက်နှက်လုယက်မှုအပြင် ယခုလို ဖောက်ထွင်းခိုးယူမှုအထိ ဖြစ်ပွားလာနိုင်သော်လည်း သက်ဆိုင်ရာများက ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

ပုံအညွှန်း - ဇူလိုင်လ(၂)ရက်နေ့ နေ့လည်ပိုင်းတွင် တွေ့ရသည့် ရိပ်သာအတွင်းမှ လက်ကျန်ပစ္စည်းများ နှင့် ဝန်းကျင် အခြေအနေ ဖြစ်ပါသည်။