အသက်(၄)လအရွယ် ကလေးငယ်ကို ဖခင်ဖြစ်သူမှ တူဖြင့် ထုသတ်မှု မိုင်းတုံမြို့တွင် ဖြစ်ပွား

အသက်(၄)လအရွယ် ကလေးငယ်ကို ဖခင်ဖြစ်သူမှ တူဖြင့် ထုသတ်မှု မိုင်းတုံမြို့တွင် ဖြစ်ပွား
ဒီဇင်ဘာ 6, 2019
By Tachileik News Agency
အသက်(၄)လအရွယ် ကလေးငယ်ကို ဖခင်ဖြစ်သူမှ တူဖြင့် ထုသတ်မှု မိုင်းတုံမြို့တွင် ဖြစ်ပွား

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်ပိုင်းက လာရောက်ကုသမှုခံယူစဉ် သေဆုံးသွားသည့် နားကောင်းမူမှ အသက်(၄)လအရွယ် ကလေးငယ်၏ ရုပ်အလောင်းအား စစ်ဆေးရာမှ  ဦးခေါင်းတွင် တူဖြင့်ထုခံထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“ဆေးရုံကိုရောက်လာတော့ ကလေးက နှာခေါင်းနဲ့ပါးစပ်မှာ သွေးတွေထွက်နေတယ်။ ခေါင်းကိုတော့ ဦးထုပ် ဆောင်းပေးထားတယ်။ ခေါင်းကဒဏ်ရာကလည်း အပြင်ကနေ မသိသာဘူး။ ကလေးကို ဆေးရုံလာပို့တဲ့ သူ့အမေကလည်း ဘာမှ မေးမရဘူး။ ငိုပဲငိုနေတာ။ ကလေးရဲ့ဒဏ်ရာက အပြင်ကတော့ သိပ်မသိသာဘူး။ စစ်ဆေးကြည့်မှ တွေ့ရတယ်”ဟု မိုင်းတုံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိခင်ဖြစ်သူ ဈေးသွားနေသဖြင့် ကလေးကို ဖခင်နှင့်အတူ နေအိမ်၌ထားခဲ့စဉ် မူးယစ်ဆေးသုံးစွဲနေသည့် ဖခင်ဖြစ်သူက ဆယ်ပေါင်တူဖြင့် ကလေး၏ ဦးခေါင်းကို ထုခဲ့ခြင်းဖြစ်သည်ဟု သတင်းရသဖြင့် နားကောင်းမူရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ် သေဆုံးမှုနှင့်ပတ်သက်၍ နားကောင်းမူရဲတပ်ဖွဲ့နှင့် မိုင်းတုံ ရဲတပ်ဖွဲ့တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကလေး၏ဖခင်ဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~