ကျောက်မဲမြို့ ပန်ပေါင်းကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ကျောက်မဲမြို့ ပန်ပေါင်းကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
အောက်တိုဘာ 20, 2020
By Tachileik News Agency

 

ကျောက်မဲမြို့ ပန်ပေါင်းကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက်၊ နံနက် (၁၁)နာရီခန့်က ကြိုးဆွဲချသေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
နမ့်ဟူးတောင်း ကျေးရွာအုပ်စု၊ ပန်ပေါင်း ကျေးရွာရှိ အသက် (၄၇)နှစ်အရွယ် အမျိုးသား တစ်ဦး ၎င်း၏ နေအိမ်အတွင်း၌ ကြိုးဆွဲချ သေဆုံးနေသည်ကို တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ အဆင့်ဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်မဲမြို့မ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သည့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ အမျိုးသားအား ကြိုးဆွဲချသေဆုံးခြင်း လက္ခဏာရပ် များဖြစ်သည့် အချက်များဖြင့် တွေ့ရှိ ရပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ကျောက်မဲမြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
 Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~