လားရှိုးမြို့နယ်အတွင်း ကျင်းပပြုလုပ်လေ့ရှိသည့် ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေသည့် ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော်သို့ တင်ပြဆွေးနွေးမည်

လားရှိုးမြို့နယ်အတွင်း ကျင်းပပြုလုပ်လေ့ရှိသည့် ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေသည့် ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော်သို့ တင်ပြဆွေးနွေးမည်
မတျ 27, 2019
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ လားရှိုးမြို့နယ်အတွင်း ကျင်းပပြုလုပ်နေသည့် ဘုရားပွဲများနှင့် အထိမ်းအမှတ်ပွဲများတွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေသည်ကို တားဆီးနိုင်ခြင်း မရှိသည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဧပြီလ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ထပ်မံ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


လားရှိုးမြို့နယ်အတွင်း ကျင်းပပြုလုပ်လေ့ရှိသည့်  ဆရာတော်ဂုဏ်ပြုပွဲ၊ ကျောင်းရေစက်ချပွဲ၊ ထီးတင်ပွဲအပါအဝင်  ဗုဒ္ဓဘာသာပွဲတော်များ အတွင်း လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်ဝိုင်းအပါအဝင် တရားမဝင်လောင်းကစားဝိုင်းများအား ပေါ်ပေါ် တင်တင် ထည့်သွင်းကျင်းပနေခြင်းများနှင့်ပတ်သက်၍ လွှတ်တော်တွင်တင်ပြထားပြီးဖြစ်သော်လည်း ထပ်မံ တင်ပြဆွေးနွေးသွားရန်စီစဉ်နေကြောင်း သိရသည်။

"လွှတ်တော်အစည်းအဝေးဆိုတာ ရှမ်းပြည်နယ်မှာ အမြင့်ဆုံး ဆွေးနွေးမှုပါ၊ မဏ္ဍိုင်ကြီးသုံးရပ်ဆုံတဲ့ တစ်ကယ့် အရေးကြီးဆုံးနေရာပါ၊ အဲ့ဒီမှာ ဥပဒေပြုရေးက ဥက္ကဌရှိတယ်၊ တရားသူကြီးချုပ်ရှိတယ်၊ အုပ်ချုပ်ရေးဆိုလည်း ဝန်ကြီးချုပ်ရှိတယ်၊ အဲ့လိုနေရာမှာအတည်ပြုထားတဲ့ လောင်းကစားနဲ့ပတ်သက်တဲ့ဥပဒေကို ဒီလိုပြည်နယ်မှာ မလိုက်နာတာက လွှတ်တော်ကို မထီမဲ့မြင်ပြုတာလား၊ မဟုတ်ရင်ကိုယ်စားလှယ်တွေက အချိန်ကုန်လူပန်းပြီး တော့ နိုင်ငံတော်ဘတ်ဂျက်ကိုနစ်နာအောင်ပဲ အလကားဆွေးနွေးနေကြတာလား ဆိုတာကို ထပ်ပြီး မေးခွန်း ထုတ်သွားဖို့လုပ်နေပါတယ်"ဟု  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီက ပြောသည်။



အဆိုပါဘုရားပွဲ အပါအဝင် လားရှိုးမြို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပနေသည့် ဆရာတော်ဂုဏ်ပြုပွဲများ၊ ကျောင်းရေစက်ချပွဲ၊ အောင်ပွဲ စသည်တို့၌ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဂလုံးဂလုံးဝိုင်းများအား ထည့်သွင်းကျင်းပနေသည်ကို သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူမှုမရှိခြင်းမှာ ဥပဒေကို တစ်နည်းအားဖြင့် ဖောက်ဖျက်နေခြင်းဟု ထင်မြင်ယူဆကြောင်း ၎င်းကဆိုသည်။

လားရှိုးမြို့နယ်အတွင်းတွင် ယင်းကဲ့သို့ ဘာသာရေးပွဲတော်များနှင့် တရုတ်နှစ်သစ်ကူးကဲ့သို့သော ရိုးရာပွဲတော် ကာလများအတွင်း လောင်းကစားဝိုင်းများအား ထည့်သွင်းကျင်းပနေခြင်းကို လားရှိုးမြို့ရှိ ဒေသအာဏာပိုင်များ က ထိရောက်စွာအရေးယူမှု မရှိသလောက်နည်းပါးနေပြီး နယ်မြေခံပြည်သူ့စစ်ကဲ့သို့ အဖွဲ့အစည်းများကလဲ ပွဲတော်များတွင် အစောင့်အရှောက်အဖြစ် စောင့်ကြပ်ပေးလျက်ရှိသည်ကို မြင်ရကြောင်း ဒေသခံတို့က ဆိုသည်။

သတင်း -  နေဖြိုးမြင့်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ လားရှိုးမြို့နယ်အတွင်း ကျင်းပပြုလုပ်နေသည့် ဘုရားပွဲများနှင့် အထိမ်းအမှတ်ပွဲများတွင် လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေသည်ကို တားဆီးနိုင်ခြင်း မရှိသည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဧပြီလ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအေဝးတွင် ထပ်မံ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

"လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်လွှတ်တော်မှာ အဆိုအောင်ပြီးသားပါ၊ အတည်ပြုပြီးသား အဲ့ဒါကို အခုလိုပေါ်ပေါ်တင်တင်ထည့်သွင်းကျင်းပနေတာရှိနေတယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး ညွှန်ကြားရမယ့်သူကပဲ မညွှန်ကြားတာလား၊ ဒါမှမဟုတ် ညွှန်ကြားထားရဲ့သားနဲ့ မလိုက်နာတာလားဆိုတာကို ထပ်ကျင်းပမယ့် လွှတ်တော်မှာ ထပ်ပြီးမေးမြန်းတင်ပြ ဆွေးနွေးသွားဖို့လုပ်နေပါတယ်"ဟု သိန်းနီမြို့ မဲဆန္ဒနယ် အမှတ် (၂ ) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးမြို့နယ်အတွင်း ကျင်းပပြုလုပ်လေ့ရှိသည့် ဆရာတော်ဂုဏ်ပြုပွဲ၊ ကျောင်းရေစက်ချပွဲ၊ ထီးတင်ပွဲအပါအဝင် ဗုဒ္ဓဘာသာပွဲတော်များ အတွင်း လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်ဝိုင်းအပါအဝင် တရားမဝင်လောင်းကစားဝိုင်းများအား ပေါ်ပေါ် တင်တင် ထည့်သွင်းကျင်းပနခြေင်းများနှင့်ပတ်သက်၍ လွှတ်တော်တွင်တင်ပြထားပြီးဖြစ်သော်လည်း ထပ်မံ တင်ပြဆွေးနွေးသွားရန်စီစဉ်နေကြောင်း သိရသည်။

"လွှတ်တော်အစည်းအဝေးဆိုတာ ရှမ်းပြည်နယ်မှာ အမြင့်ဆုံး ဆွေးနွေးမှုပါ၊ မဏ္ဍိုင်ကြီးသုံးရပ်ဆုံတဲ့ တစ်ကယ့် အရေးကြီးဆုံးနေရာပါ၊ အဲ့ဒီမှာ ဥပဒပြေုရေးက ဥက္ကဌရှိတယ်၊ တရားသူကြီးချုပ်ရှိတယ်၊ အုပ်ချုပ်ရေးဆိုလည်း ဝန်ကြီးချုပ်ရှိတယ်၊ အဲ့လိုနေရာမှာအတည်ပြုထားတဲ့ လောင်းကစားနဲ့ပတ်သက်တဲ့ဥပဒေကို ဒီလိုပြည်နယ်မှာ မလိုက်နာတာက လွှတ်တော်ကို မထီမဲ့မြင်ပြုတာလား၊ မဟုတ်ရင်ကိုယ်စားလှယ်တွေက အချိန်ကုန်လူပန်းပြီး တော့ နိုင်ငံတော်ဘတ်ဂျက်ကိုနစ်နာအောင်ပဲ အလကားဆွေးနွေးနကြေတာလား ဆိုတာကို ထပ်ပြီး မေးခွန်း ထုတ်သွားဖို့လုပ်နေပါတယ်"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီက ပြောသည်။

လားရှိုးမြို့ အမှတ် ( ၁၀)ရပ်ကွက် အတွင်းရှိ "အေးချမ်းမြေ့" ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဂုဏ်ပြုပွဲအဖြစ် မတ်လ (၂၂)ရက်နေ့က ကျင်းပပြုလုပ်နေသည့် ပွဲတော်အတွင်း တရားမဝင်လောင်းကစားဝိုင်းများ ထည့်သွင်း ကျင်းပနေကြောင်းကို၎င်းနေရာအနီးတွင် နေထိုင်နေသည့် ဒေသခံများက အထောက်အထားဖြင့် လူမှုကွန်ရက်တွင် တင်ခဲ့သော်လည်း သက်ဆိုင်ရာမှ အရေးယူခြင်း မတွေ့ရကြောင်း သိရသည်။

"သူတို့က လောင်းကစားခုံ တစ်စုံစီအတွက် သက်ဆိုင်ရာအသီးသီးကိုပေးဖို့ဆိုပြီးတော့ အောင်လံကြေး ကြိုသွင်းထားရတယ်လို့ သိရတယ်၊ အဲ့ဒါကိုဓာတ်ပုံတွေ အထောက်အထားတွေနဲ့ လူမှုကွန်ရက် Facebook မှာ တင်လိုက်တော့ နာရီအနည်းငယ်ကြာပြီးတဲ့အချိန်မှာ အကုန်သိမ်းသွားတယ်၊ သက်ဆိုင်ရာက လာပြီးဖမ်းဆီး တာမျိုးမတွေ့ရဘူး နောက်ရက်တော့ ပြန်ဖွင့်တာပါပဲ" ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါဘုရားပွဲ အပါအဝင် လားရှိုးမြို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပနေသည့် ဆရာတော်ဂုဏ်ပြုပွဲများ၊ ကျောင်းရေစက်ချပွဲ၊ အောင်ပွဲ စသည်တို့၌ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဂလုံးဂလုံးဝိုင်းများအား ထည့်သွင်းကျင်းပနေသည်ကို သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူမှုမရှိခြင်းမှာ ဥပဒေကို တစ်နည်းအားဖြင့် ဖောက်ဖျက်နခြေင်းဟု ထင်မြင်ယူဆကြောင်း၎င်းကဆိုသည်။

လားရှိုးမြို့နယ်အတွင်းတွင် ယင်းကဲ့သို့ ဘာသာရေးပွဲတော်များနှင့် တရုတ်နှစ်သစ်ကူးကဲ့သို့သော ရိုးရာပွဲတော် ကာလများအတွင်း လောင်းကစားဝိုင်းများအား ထည့်သွင်းကျင်းပနခြေင်းကို လားရှိုးမြို့ရှိ ဒေသအာဏာပိုင်များ က ထိရောက်စွာအရေးယူမှု မရှိသလောက်နည်းပါးနပြေီး နယ်မြေခံပြည်သူ့စစ်ကဲ့သို့ အဖွဲ့အစည်းများကလဲ ပွဲတော်များတွင် အစောင့်အရှောက်အဖြစ် စောင့်ကြပ်ပေးလျက်ရှိသည်ကို မြင်ရကြောင်း ဒေသခံတို့က ဆိုသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net