ကျောက်မဲတွင် မတ်လ၏ (၁၉)ရက်အတွင်း ပါဝါအိတ်ဇော နှင် သံစုံဟွန်း တပ်ဆင်ထားသည့် ဆိုင်ကယ် (၂၅)စီးကို အရေးယူထား

ကျောက်မဲတွင် မတ်လ၏ (၁၉)ရက်အတွင်း ပါဝါအိတ်ဇော နှင် သံစုံဟွန်း တပ်ဆင်ထားသည့် ဆိုင်ကယ် (၂၅)စီးကို အရေးယူထား
မတ် 19, 2020
By Tachileik News Agency
ကျောက်မဲတွင် မတ်လ၏ (၁၉)ရက်အတွင်း ပါဝါအိတ်ဇော နှင် သံစုံဟွန်းတပ်ဆင်ထားသည့် ဆိုင်ကယ် (၂၅)စီးကို အရေးယူထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မတ်လ၏ (၁၉)ရက်အတွင်း ပါဝါအိတ်ဇောများ နှင့်  အသံစုံဟွန်းတပ်ဆင်ထားသည့်   မော်တော်ဆိုင်ကယ် စုစုပေါင်း (၂၅)စီး အား ကျောက်မဲ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူထားကြောင်း သိရသည်။

ဆိုင်ကယ်တွေကိုတော့ ဖမ်းမထား/ သိမ်းဆည်း မထားပါဘူး၊ ဆူညံပါဝါအိတ်ဇော တပ်ပြီးမောင်းနေတာတွေ့ရင် တာဆီးပြီးတော့ အဲ့ဒီအိတ်ဇောကို (ဝပ်ရှော့ ဆရာခေါ်ပြီး) ဖြုတ်တယ်၊ အသံစုံဟွန်းတွေကိုလဲ ဖြုတ်တယ်၊ ပြီးတော့ ရိုးရိုးအိတ်ဇောပဲ ပြန်ဝယ်တပ်ခိုင်းပါတယ်၊ ကျန်တဲ့ ယာဉ်/လမ်း စည်းကမ်း ပညာပေးတာတွေလဲ ပုံမှန်အတိုင်း ဆက်လုပ်နေပါတယ်

ဟု အမှတ် ( ၁၂၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ကျော်ထွန်တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၉)ရက်နေ့တွင် ပြောသည်။

ကျောက်မဲဗဟိုစျေးအနီးတွင် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးအနေဖြင့် (၂)ဦးထက်ပို၍ ဆိုင်ကယ်စီးနှင်းနေမှုများ၊ လမ်းပြောင်းပြန် မောင်းနှင်သူများ၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားနေမှုများကိုလဲ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပုံမှန်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုနေသည့်ကာလအတွင်း ဆူညံအိတ်ဇောတပ်ဆင်သည့် ယာဉ်များကို ဖမ်းဆီးမှုများ ခေတ္တရပ်နားထားကာ ပညာပေးလုပ်ငန်းများသာ လုပ်ဆောင်နေပြီးစာမေးပွဲကာလ ပြီးဆုံးပါက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့နှင့် သီပေါမြို့တို့တွင်လဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲမတိုင်ခင် ပါဝါအိတ်ဇောများနှင့် သံစုံဟွန်းများ တပ်ဆင်မောင်းနှင်မှုကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~