နေပြည်တော်သို့ ဝင်ရောက်သူများကို Quarantine ထားမည်ဖြစ်၍ လားရှိုး - နေပြည်တော်ယာဉ်လိုင်းများ ယာယီ ရပ်နား

နေပြည်တော်သို့ ဝင်ရောက်သူများကို Quarantine ထားမည်ဖြစ်၍ လားရှိုး - နေပြည်တော်ယာဉ်လိုင်းများ ယာယီ ရပ်နား
စက်တင်ဘာ 3, 2020
By Tachileik News Agency
နေပြည်တော်သို့ ဝင်ရောက်သူများကို Quarantine ထားမည်ဖြစ်၍ လားရှိုး - နေပြည်တော်ယာဉ်လိုင်းများ ယာယီ ရပ်နား
နေပြည်တော်ကောင်စီနယ်မြေသို့ ဝင်ရောက်လာသူအားလုံး quarantine ဝင်ရမည့် သတင်းကြောင့် လားရှိုး-နေပြည်တော် ပြေးဆွဲသည့် Express ယာဉ်များအားလုံး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့မှစတင်၍ ခရီးစဉ်များ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
“ကားဂိတ်တွေကတော့ သူတို့ အသိစိတ်နဲ့ သူတို့ဘာသာ ပိတ်သွားကြတာပါ။ ကျွန်တော်တို့ဘက်က အဲဒီလိုပိတ်ဖို့ ညွှန်ကြားထားတာ မရှိပါဘူး။ ကျန်တဲ့ KTV တွေ BAR တွေကိုတော့ မဖွင့်ဖို့ သတိပေးထားတယ်။ ညွှန်ကြားချက်လည်း ထုတ်မယ်။ ခိုးဖွင့်တာ ရှိရင်လည်း မြို့နယ် ထွေ/အုပ် နဲ့ နီးစပ်ရာ သက်ဆိုင်ရာကို တိတ်တဆိတ် လာတိုင်ဖို့ ပြောချင်ပါတယ်။ နောက်ပိုင်းကျရင် ရှောင်တခင် ဝင်စစ်တာမျိုးလည်း လုပ်သွားဖို့ရှိတယ်” ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ခရီးသည်များသာမက မော်တော်ယာဉ်မောင်းများပါ quarantine ဝင်ရမည့်သတင်းကြောင့် ယင်းကဲ့သို့ ယာဉ်လိုင်းများကို ရပ်နားလိုက်ခြင်းဖြစ်သည်ဟု လားရှိုးမြို့ရှိ ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။
ယင်းအပြင် မူဆယ်-လားရှိုး-နေပြည်တော် လမ်းကြောင်းပြေးဆွဲသည့် ယာဉ်လိုင်းအချို့က နေပြည်တော်သွားမည့် ခရီးသည်များကို မိတ္ထီလာအနီးထိသာ ပို့ဆောင်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် နေပြည်တော်ဝင်နိုင်ရန် ချိတ်ဆက်ပေးထားကြောင်း သိရသည်။
နေပြည်တော်သို့ လာရောက်သူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာများမှ ထောက်ခံစာ ယူဆောင်လာရန်၊ အခြားဒေသများမှ နေပြည်တော်သို့ လာရောက်သူများ quarantine နေထိုင်ရမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၌ အသိပေးကြေညာထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~